
ဒီကားလေးကတော့ 2020မှာထွက်ရှိထားတဲ့ Crime, Drama, Mystery အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပြီးတော့ IMDb rating 7.4/10အထိရရှိထားပါတယ်။
ဇာတ်လမ်းအကျဥ်းကိုပြောရရင် မစ္စတာဂျီတေးယာဒဗ်ဟာ ဒုရဲမှူးရာထူးနဲ့တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာ သူဌေးအဖိုးကြီးတစ်ယောက်ဟာ နောက်မယားယူပြီး သူ့ရဲ့ဒုတိယအကြိမ်လက်ထပ်ပွဲကျင်းပတဲ့ရက်မှာ သူ့အိမ်မှာပဲအသတ်ခံလိုက်ရပါတယ်။ ဒီအမှုကိုကိုင်မိတဲ့ ယာဒဗ်တစ်ယောက် အမှုနောက်လိုက်ရင်းနဲ့ သူတို့မိသားစုရဲ့အခြေအနေ၊ ငွေကြေးချမ်းသာမှုကြောင့်ပျက်စီးနေတဲ့စာရိတ္တတွေ၊ အစိုးရပိုင်းက ပါတီလူကြီးတွေနဲ့ နောက်ကွယ်မှာပက်သက်ပြီး ဥပဒေကိုလက်တစ်လုံးခြားလုပ်နေမှုတွေပါ တွေ့လာရပြီး အမှုကတစ်စတစ်စပိုရှုပ်ထွေးလာတာကို တွေ့ရမှာပါ။
ဘာမှမသိတဲ့အနေအထားကနေ စပြီး ဖော်ထုတ်ဖို့ကြိုးစားရမှာဖြစ်တဲ့အတွက် မိမိကိုယ်တိုင် ရဲနေရာကခံစားပြီး ဘယ်သူကတရားခံလဲဆိုတာကိုမှန်းဆရင်းနဲ့ စီးမျောကြည့်ရှုရမှာဖြစ်ပါတယ်။ 2h29minအထိကြာမြင့်တဲ့ ကားတစ်ကားဖြစ်တဲ့အပြင် ကတဲ့အခန်းတွေမပါဝင်ဘဲ ဇာတ်လမ်းဇာတ်အိမ်ကိုပဲ အပြည့်အဝအသားပေးရိုက်ကူးထားလို့ စုံထောက်ကားရသခံစားလိုသူတွေအကြိုက်တွေ့စေမယ့် ကားလေးပဲဖြစ်ပါတယ်။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 405 MB | |
720p | Yandex | 719 MB | |
1080p | Yandex | 1.8 GB |