
မဝေးတော့တဲ့ အနာဂတ် နယူးအော်လင်းမှာ ပါဝါဆိုတဲ့ ဆေးတစ်မျိုး ပျံ့နှံ့လာပါတယ်။ အဲ့ဒီဆေးတွေဟာ သုံးစွဲသူအပေါ်မူတည်ပြီး ကျည်ဒဏ်ခံနိုင်တာ၊ ကိုယ်ပျောက်တာ၊ ခွန်အားကြီးလာတာ စသဖြင့်ငါးမိနစ်တာ အထူးစွမ်းအားတွေ ပေးပါတယ်။
အသစ်အဆန်းအဖြစ်နဲ့ ဒီဆေးကိုစမ်းသပ်သုံးစွဲသူတွေ များပြားလာတာနဲ့အမျှမြို့ပေါ်မှာ ရာဇဝတ်မှုတွေ ထူပြောလာပါတယ်။ အဲ့ဒီဆေးတွေကိုလမ်းပေါ်မှာဖြန့်ရင်း မိခင်ဆေးဖိုးရှာနေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် သူ့ဘဝကို စာနာကူညီပေးနေတဲ့ ရဲတစ်ယောက် နဲ့ လျှို့ဝှက်အကြံအစည်တစ်ခုခုရှိပုံရတဲ့ စစ်ပြန်ဟောင်းတစ်ယောက်ဟာ ဒီအန္တရာယ်ရှိဆေးတောင့်တွေနောက်ကိုလိုက်ရင်း ပါဝါကို ပါဝါနဲ့ တိုက်ခိုက်ရဖို့ဖြစ်လာပါတော့တယ်။
ရိုးရိုးရှင်းရှင်းဇာတ်လမ်းကို ပဲ တင်ပြပုံခပ်သွက်သွက်နဲ့ ဆွဲဆောင်သွားတာ အတော်မိုက်ပါတယ်။ ပြောထားသလို အစွမ်းတွေက တစ်ယောက်တစ်မျိုးဆိုတော့ စူပါဟီးရိုးတွေကို မျိုးစုံအောင်မြင်တွေ့ရပါလိမ့်မယ်။ အက်ရှင်ခန်းတွေလဲ ပါသမျှအကုန်ပီပြင်ကြမ်းတမ်းတဲ့အတွက် အက်ရှင်ကြိုက်သူတွေ လက်မလွှတ်သင့်ပါဘူး။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 460 MB | |
720p | Yandex | 816 MB | |
1080p | Yandex | 1.62 GB |