
ဒီကားလေးကတော့ သမားရိုးကျကားတွေထဲကနေ ခွဲထွက်နေတဲ့ဇာတ်လမ်းပုံစံမျိုးနဲ့ ထွက်ရှိလာတဲ့ Horror, Sci-Fi, Thrillerအမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပါတယ်။
တက်စ်ယာဗော့ဆိုသူ အမျိုးသမီးက အဆင့်မြင့်ဦးနှောက်ထိန်းချုပ်စက်တွေကို အသုံးပြုပြီးတော့ အခြားလူရဲ့ကိုယ်ခန္ဓာကို သူ့စိတ်နဲ့ထိန်းချုပ်ပြီး လူသတ်ပေးရတဲ့ကုမ္ပဏီက အေးဂျင့်တစ်ယောက်ပါ။ တစ်နေ့မှာ နည်းပညာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအိုနဲ့သမီးဖြစ်သူကိုသတ်ပြီး မွေးစားသားကိုအမွေတွေရအောင် ဖန်တီးပေးရဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ သူဝင်လိုက်တဲ့ကိုယ်ကအဆင်မပြေဘဲ လက်ခံသူရဲ့စိတ်နဲ့သူ့စိတ်ကြား ဒွိဟတွေနဲ့လွန်ဆွဲလာချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲကိုရှုစားရမှာပါ။ ဒါ့အပြင်ဒီကားက နည်းပညာတိုးတက်ပေမဲ့ မကောင်းမှုအတွက်သုံးနေတဲ့ကာလမှာ လူနေအိမ်တွေကလည်း ကျိုးတိုးကျဲတဲနဲ့ စိတ္တဇဆန်ဆန်ပုံစံမျိုးရိုက်ပြထားပါတယ်။
သတ်ဖြတ်မှုတွေကိုလည်း ရက်ရက်စက်စက်နဲ့ သတ်ဖြတ်ပြထားသလို လူတွေရဲ့အမှောင်ဘက်ခြမ်းက စိတ်ဓာတ်တွေကိုလှစ်ဟပြထားပြီး လိင်ပိုင်းဆိုင်ရာ အသားပေးစကားတွေနဲ့ ကွက်ကွက်ကွင်းကွင်း ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တာမို့ မိသားစုနဲ့ကြည့်ဖို့တော့ မသင့်တော်ပါဘူး။ ဇာတ်ကားကြည့်ပြီးရင် ပြန်တွေးရင်းနဲ့ထူးခြားတဲ့ရသတစ်ခုခု ခံစားရစေလို့ ကြည့်သင့်တဲ့ကားလေးဆိုရင်တော့ မမှားပါဘူးနော်။
Download | Quality | Server | Size |
---|---|---|---|
480p | G Drive | 249 MB | |
720p | G Drive | 394 MB | |
1080p | G Drive | 839 MB | |
480p | Solid Drive | 249 MB | |
720p | Solid Drive | 394 MB | |
1080p | Solid Drive | 839 MB | |
480p | Yandex | 249 MB | |
720p | Yandex | 394 MB | |
1080p | Yandex | 839 MB | |
480p | Backup | 249 MB | |
720p | Backup | 394 MB | |
1080p | Backup | 839 MB |
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 249 MB | |
720p | Yandex | 394 MB | |
1080p | Yandex | 839 MB | |
480p | Backup | 249 MB | |
720p | Backup | 394 MB | |
1080p | Backup | 839 MB |