
ဒီကားလေးကတော့ 2002ခုနှစ်ကထွက်ရှိထားပြီးတော့ IMDb rating 7.0/10အထိရရှိထားတဲ့ Crime, Thriller အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပါတယ်။
စတူးရှက်ပက်ဟာ နယူးယောက်မှာနေထိုင်ပြီး သတင်းသမားလိုလို စာနယ်ဇင်းလိုလိုနဲ့ ပါးရည်နပ်ရည်ရှိတဲ့ လူပေါ်လူဇော်တစ်ယောက်ပါ။ သူ့ဆီမှာဇနီးရှိပေမဲ့ မင်းသမီးချောချောလေးတစ်ယောက်ကို သဘောကျတဲ့အတွက် အီစီကလီလုပ်ပါတယ်။ သူနဲ့အဲဒီလိုလုပ်ဖို့ ဖုန်းပြောရင် သူ့ရဲ့မိုဘိုင်းဖုန်းနဲ့ဆက်ရင် မိန်းမသိမှာစိုးတဲ့အတွက် လမ်းဘေးဖုန်းရုံဆီက အချိန်မှန်ဖုန်းဆက်လေ့ရှိပါတယ်။
တစ်နေ့သူအဲဒီလိုဖုန်းဆက်ပြီးတော့ ပြန်ထွက်ခါနီးအချိန်မှာ အဲဒီဖုန်းဆီဖုန်းဝင်လာခဲ့ပါတယ်။ အဲဒီဖုန်းကို သူကိုင်လိုက်မိချိန်မှာတော့ သူ့ဘဝကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့အရာတွေ ကြုံလာရပါတော့တယ်။ သူ့ကိုဖုန်းဆက်တဲ့လူက တိုက်အပေါ်စီးကနေ စနိုက်ပါနဲ့ချိန်ထားတဲ့သေနတ်သမားတစ်ယောက်ဖြစ်ပြီးတော့ သူ့အကြောင်းတွေအကုန်လုံးကိုလည်း ခရေစေ့တွင်းကျသိနေသူပါ။
အဲဒီလိုလူက သူ့ကိုခြိမ်းခြောက်ပြီးတော့ သူ့အပြစ်တွေကိုဝန်ခံခိုင်းဖို့ လုပ်လာတဲ့အခါ ဘာတွေဆက်ကြုံရမလဲ။ ဒါ့အပြင် ဖုန်းရုံထဲကနေ သူထွက်လို့မရဖြစ်နေတုန်းမှာ အခြားဘယ်လိုပြဿနာတွေက သူ့ဆီရောက်လာမလဲ။ ဒီအရှုပ်ထဲကနေ လွတ်မြောက်အောင်လို့ ဘယ်လိုတွေသူကြိုးစားမှာလဲ။
သူတို့နှစ်ယောက်ကြားက ဥာဏ်ရည်ပြိုင်ပွဲကို စီးမျောကြည့်ရှုရမှာဖြစ်ပြီးတော့ သူတို့ပြောတဲ့စကားတွေနဲ့ဘဲ ကြည့်တဲ့လူကိုဇာတ်ရှိန်အမြင့်ဆုံးထိရောက်အောင် ဆွဲခေါ်သွားတဲ့ကားလေးပါ။ လူတွေရဲ့အကျင့်စရိုက်သဘာဝတွေ သရုပ်မှန်တွေကို မြင်တွေ့နိုင်အောင်ရိုက်ကူးထားလို့ ကြည့်ပြီးရင် တွေးစရာတစ်ခုခု ရသွားစေမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 332 MB | |
720p | Yandex | 582 MB | |
1080p | Yandex | 1.37 GB |