Video Sources

  • Watch trailer
Pet Sematary (2019)

Pet Sematary (2019)

Sometimes dead is betterApr. 04, 2019USA101 Min.R
657 Views
Your rating: 0
0 0 votes
what going on?

Synopsis

“Pet Sematary”ဇာတ်ကားဟာ နာမည်ကျော်စာရေးဆရာကြီးStephen Kingရဲ့ဝတ္ထုကိုအခြေခံကာ ရိုက်ကူးထားပြီးတော့ 2019ခုနှစ်မှာထုတ်လွှင့်ခဲ့ပါတယ်။ဒီဇာတ်လမ်းမှာတော့ အိမ်အသစ်ကိုပြောင်းရွှေ့လာတဲ့မိသားစုတစ်စုဟာ ထူးဆန်းတဲ့သင်္ချိုင်းမြေတစ်ခုကိုတွေ့ရှိခဲ့ပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာအဖြစ်အပျက်တွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း

ဒေါက်တာလူးဝစ်ခရိဒ်နဲ့ သူ့ရဲ့ဇနီးရေချယ်တို့ဟာ ကလေးငယ်နှစ်ယောက်ဖြစ်တဲ့ အယ်လီ၊ ဂေ့တို့နဲ့အတူ ဘော့စတွန်မြို့ကနေ ကျေးလက်မြို့ကအိမ်အသစ်ဆီကို ပြောင်းရွှေ့လာကြပါတယ်။မြေဧကအကျယ်ကြီးပါပူးတွဲပါရှိတဲ့ အိမ်အသစ်ကြောင့် စစရောက်ချင်းမှာ အားလုံးသဘောကျနေပါတော့တယ်။ အဲ့နောက်မှာ အယ်လီဟာ အိမ်အနောက်ဖေးဘက်လျှောက်ကြည့်ရင်း ဂျက် ဆိုတဲ့အိမ်နီးနားချင်း လူကြီးတစ်ယောက်နဲ့ခင်မင်ခဲ့ပြီး တိရစ္ဆာန်သင်္ချိုင်းအကြောင်းသိရှိသွားပါတော့တယ်။

တစ်နေ့မှာတော့ အယ်လီရဲ့အချစ်တော်ကြောင်လေး ချာ့ချ် ရုတ်တရက်သေဆုံးသွားတဲ့အတွက် အယ်လီစိတ်ထိခိုက်မှာစိုးပြီးအမှန်အတိုင်းမပြောချင်တဲ့ လူးဝစ်တို့အခက်ကြုံနေရပါတော့တယ်။ ချာ့ချ်ကို တိတ်တဆိတ်မြေမြှုပ်ဖို့ရာ ညဘက်ကြီး လူးဝစ်နဲ့ဂျက်တို့က တိရစ္ဆာန်သင်္ချိုင်းဆီထွက်လာပါတော့တယ်။ အဲ့အချိန်မှာပဲ ဂျက်က လူးဝစ်ကို တိရစ္ဆာန်သင်္ချိုင်းရဲ့အလွန်မှာရှိတဲ့ ထူးဆန်းတဲ့မြေကွက်လပ်ဆီခေါ်သွားပြီး ချာ့ချ်ကိုအဲ့နေရာမှာ မြှုပ်စေပါတယ်။ မနက်ရောက်တော့ ထူးဆန်းစွာပဲ ချာ့ချ်က သူတို့အိမ်ထဲမှာအသက်ရှင်လျက်ပြန်ရောက်နေတာတွေ့လိုက်ပါတယ်။ ဒါပေမယ့် အရင်ကလို ကြောင်လိမ္မာလေးမဟုတ်တော့ဘဲ ရန်လိုနေပြီး အယ်လီ့ကိုတောင်အနာတရဖြစ်အောင်လုပ်ပါတယ်။

ဒေါက်တာလူးဝစ်ကတော့ ဂျက်ပြောပြလို့ သေသူတွေကိုပြန်လည်ရှင်သန်လာအောင်လုပ်ပေးနိုင်တဲ့ အဲ့ထူးဆန်းတဲ့မြေကွက်လပ်အကြောင်း သိရှိသွားပါတော့တယ်။ မကြာခင်ပဲ အယ်လီလေးရဲ့ မွေးနေ့အတွက် မွေးနေ့ပါတီကျင်းပနေကြရင်း အယ်လီလေး ရုတ်တရက်သေဆုံးသွားတဲ့အခါမှာတော့…… သမီးကိုအရမ်းချစ်တဲ့ ဒေါက်တာလူးဝစ်တစ်ယောက်ဘယ်လိုတွေဆက်လုပ်မလဲ? အရင်လိုပဲ လူးဝစ်တို့မိသားစု ပျော်ပျော်ရွှင်ရွှင်ပြန်နေရဦးမလား?ဒီဇာတ်ကားထဲမှာ ဂျက်ပြောခဲ့တဲ့”sometimes,death is better”ဆိုတဲ့စကားကို ဇာတ်ကားအဆုံးထိကြည့်ရှုရင်း သူဘာကြောင့်အဲ့လိုပြောခဲ့လဲဆိုတာ အဖြေရှာလိုက်ကြရအောင်ပါနော်။

  • Format……….: MP4
  • Quality………..: Blu-ray
  • Resolution….: 1080p, 720p, 480p
  • Duration……..: 1h 41min
  • Translator…..: ivy
  • Encoder………: MZM
Original title Pet Sematary
IMDb Rating 5.7 74,131 votes
TMDb Rating 5.7 2,003 votes

Director

Cast

Jason Clarke isLouis Creed
Louis Creed
Amy Seimetz isRachel Creed
Rachel Creed
Jeté Laurence isEllie Creed
Ellie Creed
John Lithgow isJud Crandall
Jud Crandall
Hugo Lavoie isGage Creed
Gage Creed
Obssa Ahmed isVictor Pascow
Victor Pascow
Frank Schorpion isRachel's Father
Rachel's Father
Linda E. Smith isRachel's Mother
Rachel's Mother
Pet Sematary (2019)
Pet Sematary (2019)
Pet Sematary (2019)
Pet Sematary (2019)
Pet Sematary (2019)
Pet Sematary (2019)
Pet Sematary (2019)

Similar titles

Insidious: Chapter 3 (2015)
3 Days to Kill (2014)
You’re Next (2011)
Now Escape [Follow Me] (2020)
John Wick (2014)
Sputnik (2020)
Raat Akeli Hai (2020)
The Maid (2020)
White House Down (2013)
VFW (2019)
Phone Booth (2002)
Behind You (2020)
FB ဂရုလေးကိုလည်း join ထားပါ  Join FB Group
+