
ဒီတစ်ခါတော့ တစ်နာရီခွဲပဲကြာပေမယ့် ရသမျိုးစုံပေးစွမ်းနိုင်ပြီး IMDb rating 7.3/10 ရထားတဲ့ Dramaကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အနုပညာကို ချစ်မြတ်နိုးပြီး ပန်းချီကားတွေကို သဘောကျတဲ့လူဆိုရင်တော့ ဒီကားလေးကိုကြိုက်မှာပါ။
တစ်သက်လုံးပန်းချီကားတွေရောင်းလာတဲ့ အိုလာဗီတစ်ယောက်ဟာ သူ့တစ်သက်လုံးဝယ်ရောင်းလုပ်လာတဲ့သက်တမ်းမှာ ရှားပါးပြီးတန်ဖိုးရှိတဲ့ပန်းချီကားမျိုးကို ဝယ်ယူ၊ရောင်းချနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီလိုနဲ့အသက်ကြီးလာခဲ့ပြီး အခုဆိုရင်တော့ ဆိုင်ပိတ်ပြီး အနားယူဖို့စဥ်းစားနေပါပြီ။ ဒါပေမဲ့ သူ့မသိစိတ်ထဲမှာ ဒီပန်းချီကားတွေနဲ့ပက်သက်ပြီး သံယောဇဥ်တွေကျန်နေပါသေးတယ်။ သူ့အလုပ်ကို ဒီအတိုင်းမရပ်တန့်လိုက်ခင်မှာ နောက်ဆုံးအနေနဲ့ တန်ဖိုးရှိတဲ့ပန်းချီကားတစ်ချပ်ကို သူရှာဖွေဝယ်ယူပြီး ပြန်ရောင်းချနိုင်ချင်ပါသေးတယ်။ ဒီလိုသူ့အိပ်မက်ကို အသက်သွင်းပေးလိုက်တာကတော့ ဘေးဆိုင်ခန်းဆီကို အမည်မသိပန်းချီဆရာတစ်ယောက်ရဲ့ ပန်းချီကားတစ်ချပ်ရောက်ရှိလာတာပါ။ အဲဒီလိုနဲ့ပဲ ဒီပန်းချီကားက တန်ဖိုးကြီးပန်းချီကားဟုတ်မဟုတ်ကို နောက်ကြောင်းစုံစမ်းဖို့ဖြစ်လာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အိုလာဗီရဲ့မြေးဖြစ်သူကလည်း အလုပ်အတွေ့အကြုံလိုအပ်တာကြောင့် သူ့ဆိုင်မှာအလုပ်သင်လာလုပ်နေပါတယ်။
သူတို့မြေးအဘိုးနှစ်ယောက်ပေါင်းပြီး ပန်းချီကားရဲ့တန်ဖိုးအစစ်အမှန်ကို ပေါ်ထွက်လာအောင် လုပ်နိုင်ပါ့မလား။ အဲဒီနောက်မှာရော သူတို့အတွက် ဘယ်လိုအခက်အခဲတွေ ရှိနေဦးမလဲ။ လူတွေရဲ့မနာလိုမှုတွေ၊ ကိုယ့်ထက်သာသွားမှာစိုးရိမ်စိတ်တွေကြားမှာ ဘဝနေဝင်ချိန်ရောက်နေပြီဖြစ်တဲ့ အဘိုးကြီးအိုလာဗီတစ်ယောက် ပန်းချီကားကိုတန်ဖိုးဝင်လာအောင် အသက်သွင်းနိုင်ပါ့မလားဆိုတာကိုတော့ ကိုယ်တိုင်ပဲရှုစားလိုက်ကြပါဦး။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Solid Drive | 1.05 GB | |
720p | Solid Drive | 358 MB | |
480p | Solid Drive | 233 MB | |
🔥 1080p 5.1CH | ⚡Fast Drive | 1.05 GB | |
720p | ⚡Fast Drive | 358 MB | |
480p | ⚡Fast Drive | 233 MB | |
🔥 1080p 5.1CH | G Drive | 1.05 GB | |
720p | G Drive | 358 MB | |
480p | G Drive | 233 MB |