
ဒီရုပ်ရှင်ကတော့ အနောက်နိုင်ငံသမိုင်းကြောင်းမှာ ၁၈၇၅နောက်ပိုင်း အတော်လေးဂြိုလ်မွှေခဲ့တယ်လို့ပြောရမယ့် လူမိုက်ကြီး Henry McCarty ရဲ့ဘဝနောက်ပိုင်းကို စိတ်ကူးပုံဖော်ထားတာလို့ ပြောရမှာပါ။
Henry McCartyကို Billy the Kidလို့ရော William H.Bonneyလို့ရော လူသိများကြပါတယ်။ သူဟာ၁၅နှစ်အရွယ်မှာ မိဘမဲ့ဖြစ်ခဲ့တာကြောင့် ခိုးမှုတွေ၊အသေးစားလုယက်မှုတွေနဲ့ လူမိုက်ဘဝကိုစတင်လာခဲ့ပြီး နယူးမက္ကဆီကို၊ အရီဇိုးနားတစ်ခွင်မှာ နာမည်ကြီးလာပါတယ်။ ဒီလိုနဲ့အမှုတွဲတွေများလာတဲ့သူ့ကို ၁၈၈၁ခုနှစ်မှာ ပက်ဂါရက်ဆိုတဲ့ရဲမှူးကြီးက ဖမ်းဆီးနိုင်ခဲ့ပြီး ရုံးတင်စစ်ဆေးကာ မေလမှာကြိုးပေးသတ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၈၈၁၊ ဧပြီ၂၈မှာ ဟင်နရီတစ်ယောက် ရဲနှစ်ယောက်ကိုသတ်ပြီးတော့ ထောင်ဖောက်ပြေးနိုင်ခဲ့ပြီး နှစ်လကျော်ကြာတဲ့အထိ ပုန်းရှောင်နေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်၁၄ရက်မှာတော့ ရဲမှူးဂါရက်က အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူသေဆုံးစဥ်မှာ၂၁နှစ်ပဲရှိသေးပြီး သူမသေခင်အတွင်း လူ၈ယောက်အထိ သတ်ဖြတ်ခဲ့တယ်လို့ဆိုကြပါတယ်။ ဇာတ်လမ်းကဒီမှာစတာပါ ဟင်နရီကိုအသေပစ်ဖမ်းစဥ်မှာ မသေဘဲနဲ့လွတ်မြောက်သွားတယ်လို့ ပါးစပ်ရာဇဝင်တွေရှိခဲ့ပြီး သူနဲ့တူတဲ့လူတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။
ဒီရုပ်ရှင်မှာတော့ ဟင်နရီကမသေခဲ့ဘဲနဲ့ မိသားစုဘဝထူထောင်ပြီး လယ်သမားအဖြစ် မထင်မရှားဇာတ်မြှုပ်နေတာပါ။ ဒါပေမဲ့ သူတို့အိမ်နားကို သေနတ်ဒဏ်ရာနဲ့လူတစ်ယောက် ရောက်လာချိန်မှာတော့ သူနဲ့အတူပြဿနာတွေပါ တစ်သီတစ်တန်းကြီးပါလာပါတော့တယ်။ ဟင်နရီတစ်ယောက် အတိတ်တွေထဲကနေ လွတ်မြောက်နိုင်ပါ့မလား။ သူချစ်ရတဲ့သားလေးကိုရော ကာကွယ်ပေးနိုင်မလားဆိုတာကို ဆက်ကြည့်ရမှာပါ။ Westernစတိုင် Gun Fightအလန်းစားတွေနဲ့ ဇာတ်လမ်းလည်းကောင်းတဲ့ကားလေးမို့ ရှုစားလိုက်ကြပါဦး။
Download | Quality | Server | Size |
---|---|---|---|
🔥 4K | Solid Drive | 2.56 GB | |
🔥 1080p 5.1CH | Solid Drive | 1 GB | |
720p | Solid Drive | 437 MB | |
480p | Solid Drive | 265 MB | |
🔥 4K | ⚡Fast Drive | 2.56 GB | |
🔥 1080p 5.1CH | ⚡Fast Drive | 1 GB | |
720p | ⚡Fast Drive | 437 MB | |
480p | ⚡Fast Drive | 265 MB | |
🔥 4K | G Drive | 2.56 GB | |
🔥 1080p 5.1CH | G Drive | 1 GB | |
720p | G Drive | 437 MB | |
480p | G Drive | 265 MB |