
ဂိမ်းဒီဇိုင်နာလေး အေဒီနဲ့ ဗိသုကာဘွဲ့ရထားတာမကြာသေးတဲ့ ကောင်မလေး တာရာတို့က အိမ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ ကိုယ်စီကြိုးစားနေကြသူတွေပါ
တစ်ရက်မှာ မမျှော်လင့်ဘဲ သူတို့နှစ်ဦးတွေ့ဆုံမိသွားပြီး တစ်ဦးကိုတစ်ဦးကိုသဘောကျမိသွားကြပေမဲ့ သူတို့ရဲ့အိမ်မက်တွေကြောင့် လက်ထပ်ဖို့ကိုစိတ်မဝင်စားခဲ့ကြပါဘူး
အပျော်တမ်းချစ်ကြိုက်ကြမယ် ပြီးရင်တော့ ကိုယ့်အိမ်ကိုယ်ပြန်ကြမယ်ဆိုပြီး သဘောတူလိုက်ကြပါတယ်
ဒီလိုနဲ့နေလာကြရင်း သူတို့ခွဲရမဲ့အချိန်နီးလာပြီး နှလုံးသားရဲ့ဆန္ဒတွေကို မလွန်ဆန်နိုင်တော့အခါ…….