
၂၀၁၄ ဒီဇင်ဘာမှာထွက်ခဲ့တဲ့ Ode to my father ရုပ်ရှင်ဟာ IMDB rating 7.8 ရရှိထားပြီး တောင်ကိုရီးယားမှာ ဝင်ငွေရော အနုပညာပါအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်၊
US dollar ၁၃ သန်း အသုံးပြုရိုက်ကူးထားတဲ့ဒီကားဟာ ဆုပေးပွဲအရပ်ရပ်မှာဆုပေါင်း ၄၀ လျာထားခံရပြီး ဆု ၂၀ သိမ်းပိုက်ထားပြန်ပါသေးတယ်၊
ဝင်ငွေမှာလည်း US dollar ၁၂၅ သန်းအထိရရှိခဲ့ထားတာကြောင့် တောင်ကိုရီးယားသမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးရုပ်ရှင်စာရင်းမှာ နံပါတ် ၅ နေရာမှာရှိနေပါတယ်။
ဒီကားကို Bollywood နာမည်ကြီးမင်းသား Salman Khan က ပြန်လည်ဝယ်ယူပြီး Bollywood Remake အနေနဲ့ ပြန်လည်ရိုက်ကူးထားပါသေးတယ်။
ဇာတ်လမ်းအကျဉ်း
ကိုရီးယားကျွန်းဆွယ်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ မြောက်ပိုင်းဘက်မှာနေတဲ့ ယွန်းဒေါက်ဆူတို့မိသားစုဟာလည်း ထွက်ပြေးဖို့ကြိုးစားခဲ့ကြရင်း ယွန်းဒေါက်ဆူဟာ သူ့အဖေရော ညီမလေးနဲ့ပါ ကွဲသွားခဲ့ရတယ်။
ကွဲကွာသွားပြီးနောက်ပိုင်း ဒေါက်ဆူဟာ အမေနဲ့ ညီ၊ညီမ ၃ယောက်တို့ကို ပင်ပင်ပန်းပန်းရှာဖွေပြီးစောင့်ရှောက်ခဲ့ရပြန်ပါသေးတယ်၊
ဒေါက်ဆူရဲ့သက်စွန့်ဆံဖျားအလုပ်လုပ်ခဲ့ပုံတွေ၊ မိသားစုအတွက်အနစ်နာခံခဲ့ရပုံတွေကြည့်ရင်း ရင်ထဲတစ်ခုခုတော့ခံစားရစေမှာပါ
ဒေါက်ဆူတစ်ယောက် ဘယ်လိုအခက်အခဲတွေ တွေ့ရမလဲ၊
မိသားစုကိုရောဆက်ပြီးစောင့်ရှောက်နိုင်ပါ့မလား
သူ့အဖေနဲ့ညီမလေးကိုရော ပြန်ရှာနိုင်ဦးမှာလား ဆိုတာတွေကို တော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်
နာမည်ကြီးဇာတ်ကားတွေမှာပါလေ့ရှိတဲ့ A list စာရင်းဝင် မင်းသား Hwan Jung Min က ဦးဆောင်ပါဝင်ထားပြီး ဇာတ်ပို့ဇာတ်ရံများစွာသာမက TVXQမှ Yunhoလည်း ပါဝင်အားဖြည့်ထားပါသေးတယ်၊
Drama အမျိုးအစားဖြစ်ပေမယ့်လည်း Hwang Jung Minနဲ့Oh Dal su တို့ရဲ့Bromance ဟာသအလွဲလေးတွေကိုလည်း မြင်တွေ့ရဦးမှာပါ
နာမည်ကြီး Korean Drama ကားဖြစ်တာနဲ့အညီ ဘယ်အရာတွေကများ ဒီကားကို နာမည်ကြီးစေသလဲဆိုတာ ခံစားကြည့်ကြရအောင်