
ထွေလာ စထွက်ကတည်းက ဂျွန်ဝစ် နောက်တစ်ယောက်လာပြီဟေ့ ဆိုပြီး နာမည်ကြီးခဲ့တဲ့ Nobody ပါ။ ဇာတ်လမ်းက မစ္စတာ မန်ဆယ်ဆိုတာ သာမန် အိမ်ထောင်ရှင်ဦးစီး၊ ကလေးအဖေတစ်ယောက်၊ သာမန်မှ တကယ့်ကိုရိုးရိုးစင်းစင်းကြီး အိမ်ကိုဓားပြဝင်တိုက်တာတောင် ပြန်လုပ်တဲ့ သားကို တားပြီး လိုချင်တာယူပြီး ထွက်သွားပါလို့ပြောလွှတ်လို့သားက မကျေနပ် အကြောင်းသိတဲ့ယောက်ဖက လှောင်ပြောင်တာခံရတဲ့လူမျိုး။ ဒါပေမယ့် သူ့မှာ ကွယ်ဝှက်ထားတဲ့ အတိတ်ရှိတယ်။ အဲ့ဒီရိုးရိုးအေးအေးကြီး ဆက်မရိုးအေးနိုင်တဲ့အခါ…
သဘောကောင်းတယ် လက်သီးပြင်းတယ် ဓားထိုးပက်စက်တယ်ဆိုတာ မကြာခင်သိရဖို့ဖြစ်လာပါတယ်။ John wick ကြီးခဲတံနဲ့ စာအုပ်နဲ့ သတ်ပြတာတွေကိုလက်ခုပ်တီးခဲ့သလို ဒီဘဲကြီးလက်ထဲမှာရောက်လာတာ မှန်သမျှ သူ့အတွက် လက်နက်တွေချည်း ရရာနဲ့ ကြုံသလိုတီးတာ။ ကြမ်းချက်တွေကလဲ Opps! ဆိုပြီး ပါးစပ်ပိတ်ရမတတ်တွေ၊လုံး၀ တကယ့်ကို အုံးဒိုင်းဖုံးဂွမ်းတွေ၊ ရိုက်ချက်တွေနဲ့နောက်ခံတေးဂီတတွေ အချိတ်အဆက်အဖြတ်အတောက်တွေက အရမ်းလှအရမ်းမိုက်လွန်း အရမ်းသေသပ်လွန်းတယ်။
သေချာတာတစ်ခုက ဒီကားဟာ တစ်နှစ်တာရဲ့အကောင်းဆုံးအက်ရှင်ကားတောင်မဟုတ်။ နှစ်ကာလတစ်ချို့ကြာမှ ရှားရှားပါးပါးထွက်လာတတ်ပြီးအကြာကြီးလူတွေပြောကျန်နေကြရမယ့် မကြာခင်ဂန္ဓဝင်ဖြစ်လာမယ့်၊ အက်ရှင်ကားဆိုတာ ဒီလိုရိုက်ရတယ်လို့ လက်ညှိုးထိုးပြစရာပြဌာန်းစာအုပ်ဖြစ်လာနိုင်တဲ့အထိကောင်းတဲ့ကားပါ။ ပိုတယ်မထင်ကြပါနဲ့၊ ကြည့်ပြီးရင် ယုံသွားပါလိမ့်မယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 4K | ⚡Fast Drive | 4.05 GB | |
🔥 1080p 5.1CH | ⚡Fast Drive | 1.54 GB | |
720p | ⚡Fast Drive | 473 MB | |
480p | ⚡Fast Drive | 277 MB | |
🔥 4K | G Drive | 4.05 GB | |
🔥 1080p 5.1CH | G Drive | 1.54 GB | |
720p | G Drive | 473 MB | |
480p | G Drive | 277 MB | |
🔥 4K | Solid Drive | 4.05 GB | |
🔥 1080p 5.1CH | Solid Drive | 1.54 GB | |
720p | Solid Drive | 473 MB | |
480p | Solid Drive | 277 MB |