
ဘွန်းဟာ တာဝန်ကအနားယူပြီးတစ်နေရာမှာငြိမ်းချမ်းတိတ်ဆိတ်စွာဇာတ်မြုပ်အခြေချနေခဲ့ပါတယ်၊ ဒါပေမယ့် စီအိုင်အေက မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်တဲ့ Felix Leiter ပေါ်လာပြီးအကူအညီတောင်းတဲ့အချိန်မှာတော့ မဖြစ်မနေ ဒီလောကထဲပြန်ဝင်ဖို့ဖြစ်လာပါတယ်။
အဲ့ဒီအချိန် MI6 ကဂျိမ်းစ်ရဲ့ နေရာကို ၀၀၇ အသစ်တစ်ယောက်ရောက်နေပြီဖြစ်ပြီး အမေရိကန်တွေဘက်ကိုကူညီနေတဲ့ သူ့အတွက်ပြိုင်ဘက်လိုဖြစ်ပြီးတော့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို သူနိုင်ကိုယ်နိုင်အပြိုင်ကြဲလုရပါတော့တယ်။ အဲ့ဒီသူက ရုရှားသိပ္ပံပညာရှင် အိုဘရူချက်ဗ်ဆိုသူဖြစ်ပြီးတော့ အမ် ရဲ့ခွင့်ပြုမိန့်နဲ့ ဖန်တီးခဲ့တဲ့ ဇီဝလက်နက်တစ်မျိုးကိုအခုချိန်မှာ ကမ္ဘာကြီးကိုဖျက်ဆီးဖို့ အသုံးပြုတော့မယ့်လူလက်ထဲပို့တော့မှာဖြစ်တဲ့အတွက် သူတို့တွေအချိန်မှီတားဆီးနိုင်ဖို့အသက်တမျှအရေးကြီးနေပါတယ်။ ဒါတွေရဲ့နောက်ကွယ်မှာ ပါဝင်ပတ်သက်နေသူတွေကလဲမဟာရန်သူတော်ဟောင်းတွေဖြစ်တဲ့ Blofeld နဲ့ Spectre အဖွဲ့အပြင်ဘယ်သူဘယ်ဝါမသိတဲ့တတိယတစ်ယောက်ပါရှိနေပါတယ်။
စောင့်ဆိုင်းရတဲ့ အချိန်ကြာမြင့်ခဲ့တာနဲ့အမျှ စောင့်ရကျိုးလဲ တကယ်နပ်တဲ့ကား Daniel Craig ရဲ့ဘွန်းကိုတသသဖြစ်နေရတော့မယ့်ကားလဲဖြစ်ပါတယ်၊ အရင်ဘွန်းရဲ့ကောင်မလေးတွေဆို မစ်ရှယ်ယိုကလွဲလို့ကျန်တဲ့လူတွေကအလှပြသက်သက်များပေမယ့် ဒီကားထဲက စကီတွေကတော့ တကယ်တီးပါတယ်။အရင် Daniel Craig ကားတွေနဲ့မတူအက်ရှင်ခန်းအကြီးစားတွေ သုံးသွားတဲ့ ကိရိယာအသစ်အဆန်းတွေ ကား နဲ့ လေယာဉ်အလန်းတွေကိုပါ ဒီကားထဲမှာ အတိုးချမြင်ရပါလိမ့်မယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 4K | Solid Drive | 5.41 GB | |
🔥 1080p 5.1CH | Solid Drive | 2.52 GB | |
720p | Solid Drive | 962 MB | |
480p | Solid Drive | 560 MB | |
720p | ⚡Fast Drive | 962 MB | |
480p | ⚡Fast Drive | 560 MB | |
🔥 4K | G Drive | 5.41 GB | |
🔥 1080p 5.1CH | G Drive | 2.52 GB | |
720p | G Drive | 962 MB | |
480p | G Drive | 560 MB |