What's happening?

Video Sources 8717 Views Report Error

  • Watch trailer
Ninja Assassin (2009)

Ninja Assassin (2009)

Fear not the weapon, but the hand that wields it.Sep. 29, 2009Germany99 Min.R
Your rating: 0
8 3 votes

Synopsis

ဒီတစ်ခေါက်တော့ ကိုးရီးယားအဆိုတော်ချောလေး Rain ပါဝင်သရုပ်ဆောင်ထားပြီးတော့ အမိုက်စားအက်ရှင်ခန်းတွေပါတဲ့ Ninja Assassinဆိုတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားရိုက်ဖို့အတွက် six packတွေဘာတွေရအောင်တောင် လေ့ကျင့်လိုက်ရသေးတယ်လို့ ကြားမိပါတယ်။

ဇာတ်လမ်းလေးကတော့ လျှို့ဝှက်နင်ဂျာဂိုဏ်းတစ်ခုဟာ မိဘမဲ့ကလေးတွေကို ငယ်ငယ်ကတည်းကခေါ်ပြီးတော့ လေ့ကျင့်ပေးပါတယ်။ သူတို့အရွယ်ရောက်လာရင် အစိုးရရဲ့လျှို့ဝှက်လုပ်ကြံမှုတွေနဲ့ ရွှေချိန်ပေါင်၁၀၀တန်ကြေးပေးတဲ့လူတွေအတွက် လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ပေးရပါတယ်။ ဒီနင်ဂျာဂိုဏ်းတည်ရှိနေတာ နှစ်ထောင်ချီနေပြီဖြစ်ပြီး နင်ဂျာတွေကလည်း လုပ်ကြံမှုမှာ အရမ်းထူးချွန်ကြပါတယ်။ အဲဒီလိုထူးချွန်လာဖို့လည်း ငယ်ငယ်ကတည်းက ငရဲကျသလိုလေ့ကျင့်မှုတွေ ပြုလုပ်ရပါတယ်။ ဒီလေ့ကျင့်မှုတွေကို မလိုက်နာဘဲထွက်ပြေးတဲ့ လူတွေကိုတော့ ရေဆုံးမြေဆုံးလိုက်ဖမ်းပြီး ရက်ရက်စက်စက် သတ်ပစ်လေ့ရှိပါတယ်။ အဲဒီလိုလုပ်ရပ်တွေကို စိတ်နာနေတဲ့ ရိုင်ဇိုတစ်ယောက် နင်ဂျာဂိုဏ်းကိုအာခံပါတော့တယ်။ တစ်ချိန်တည်းမှာဘဲ ဥရောပရဲတပ်ဖွဲ့က မှုခင်းဆေးပညာရှင်မီကာတို့တွေလည်း မထင်မှတ်ဘဲ နင်ဂျာတွေကိုခြေရာခံမိပြီး သူတို့အကြောင်းကိုဖော်ထုတ်ဖို့ကြိုးစားနေပါတယ်။ နင်ဂျာဂိုဏ်းကလည်း သူတို့အကြောင်းကို စုံစမ်းတဲ့လူတွေကို သတ်ပစ်နေကျဖြစ်တာကြောင့် မီကာတို့ကိုလုပ်ကြံဖို့ နင်ဂျာတွေရောက်လာပါတော့တယ်။

ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ ရိုင်ဇိုနဲ့မီကာတို့တွေ ရည်မှန်းချက်တူသွားချိန်မှာတော့ သူတို့ရည်မှန်းချက်ကို အတူတူပူးပေါင်းပြီးတော့ အကောင်အထည်ဖော်နိုင်ပါ့မလား။ ဘယ်လိုအခက်အခဲတွေကို သူတို့ကြုံရမလဲဆိုတာတွေကိုတော့ ဒီကားထဲမှာရှုစားရမှာပါ။ သွေးသံရဲရဲ ဇာတ်ဝင်ခန်းတွေနဲ့ အက်ရှင်ခန်းခပ်ကြမ်းကြမ်းတွေပါတာကြောင့် နှလုံးအားနည်းသူတွေတော့ သတိထားပြီးကြည့်ဖို့ အကြံပေးချင်ပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 1080p 5.1CH, 720p, 480p
  • Duration……..: 1h 39min
  • Translator…..: Cyanide
  • Encoder………: MZM
Original title Ninja Assassin
IMDb Rating 6.3 67,879 votes
TMDb Rating 6.4 887 votes

Director

Cast

Rain isRaizo
Raizo
Naomie Harris isMika Coretti
Mika Coretti
Sung Kang isHollywood
Hollywood
Randall Duk Kim isTattoo Master
Tattoo Master
Rick Yune isTakeshi
Takeshi
Yuki Iwamoto isYakuza Couch
Yakuza Couch
Ben Miles isMaslow
Maslow
Lee Joon isTeenage Raizo
Teenage Raizo
Ninja Assassin (2009)
Ninja Assassin (2009)

Similar titles

Mumbai Saga (2021)
Invasion (2020)
Insurgent (2015)
The Djinn (2021)
Riders of Justice (2020)
Coma (2019)
Don’t Breathe 2 (2021)
The Invisible Man (2020)
Talvar (2015)
Pig (2021)
The Imitation Game (2014)
The Closet (2020)
FB ဂရုလေးကိုလည်း join ထားပါ  Join FB Group
+