
အဲလက်စ်ဆိုတဲ့ ကောင်လေးဟာထိတ်လန့်သည်းဖိုဇာတ်လမ်းတွေကိုအင်မတန်စိတ်ဝင်စားလွန်းလှသူတစ်ယောက်ဖြစ်တဲ့အတွက်ကျောင်းမှာ ဘယ်သူကမှအပေါင်းအသင်းမလုပ်ချင်ပဲကြောင်တောင်တောင်လို့သတ်မှတ်ခံထားရတာပါ၊
တစ်နေ့တော့ အဲ့ဒီဇာတ်လမ်းတွေကို စိတ်အနာကြီးနာပြီးစာအုပ်ကို မီးသွားရှို့မယ်လုပ်တဲ့အချိန်မှာ သူ့တိုက်ခန်းတွဲကြီးရဲ့ဓာတ်လှေကားကတစ်ဆင့်အထွက် တစ်ခြားဘုံလောကတစ်ခုကိုရောက်သွားပါတော့တယ်။ အဲ့ဒီဘုံ/တိုက်ခန်း ကိုကြီးစိုးသူကတော့ နာတာချာဆိုတဲ့စုန်းမတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီစုန်းမက အဲလက်စ် ထိတ်လန့်သည်းဖိုပုံပြင်တွေရေးတတ်တဲ့အကြောင်းသိသွားတဲ့အချိန်မှာတော့ ညစဉ်သူ့ကိုပုံပြင်အသစ်တစ်ပုဒ်ပြောပြဖို့တောင်းဆိုလာပါတယ်။ ပုံပြင်အသစ်မဖန်တီးနိုင်တဲ့နေ့၊ပုံပြင်တွေဟာကြောက်စရာမကောင်းခဲ့ရင်သူ့ကိုသတ်မှာဖြစ်ပါတယ်။ ဒီလိုနဲ့အဲလက်စ်ဟာ စုန်းမရဲ့နှစ်ပေါင်းထောင်ချီစာအုပ်တွေစုံလင်တဲ့စာကြည့်တိုက်ကြီးထဲကနေ ပုံပြင်အသစ်တွေဖန်တီးရင်း လွတ်မြောက်ဖို့နည်းလမ်းကိုရှာဖွေရပါတော့တယ်။
သူ့ကိုကူညီပေးမယ့်သူတွေကတော့ သူ့လိုပဲ ဖမ်းဆီးခံထားရပြီးစုန်းမခိုင်းတာတွေကိုလုပ်ပေးနေရတဲ့ ယက်ဇ်မင်းဆိုတဲ့သူငယ်ချင်းအသစ်လေးနဲ့ လီနိုး ဆိုတဲ့စဖင့်ကြောင်တစ်ကောင်ပါပဲ။ အဲလက်စ်နဲ့တကွ စုန်းမရဲ့အဖမ်းဆီးခံအကျဉ်းသားတစ်စုလွတ်မြောက်နိုင်မလား၊ ဒီစုန်းမနဲ့ သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်တိုက်ခန်းကြီးရဲ့နောက်ကွယ်ကဇာတ်လမ်းဘယ်လိုဖြစ်လာတာလဲ၊ စုန်းတွေ၊ မှော်အတတ်တွေ လျှို့ဝှက်ဆန်းကြယ်သတ္တဝါတွေနဲ့စိတ်ဝင်စားစရာ တစ္ဆေဇာတ်လမ်းတွေကိုရောမွှေထားပြီး ညမဖတ်ရစာအုပ်တွေလိုမျိုး ကလေးတွေကိုပစ်မှတ်ထားပေမယ့် လူကြီးပရိသတ်ပါနှစ်ခြိုက်သဘောတွေ့စေရမယ့် Family/Fantasy/Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 1.57 GB | |
720p | ⚡Fast Drive | 542 MB | |
480p | ⚡Fast Drive | 309 MB | |
🔥 1080p 5.1CH | G Drive | 1.57 GB | |
720p | G Drive | 542 MB | |
480p | G Drive | 309 MB | |
🔥 1080p 5.1CH | Solid Drive | 1.57 GB | |
720p | Solid Drive | 542 MB | |
480p | Solid Drive | 309 MB |