
သွေးစုပ်ကောင်တွေဟာ ဟိုအရင်နှစ်တွေကတည်းက ဒီကမ္ဘာကြီးမှာလူသားတွေနဲ့အတူရှိနေခဲ့တာဖြစ်ပြီး လူသားတွေနဲ့သူတို့ကြားက စစ်ပွဲတွေကလဲ အစဉ်အဆက်ရှိခဲ့ပါတယ်။ ဒီဘက်ခေတ်နောက်ပိုင်းမှာတော့ အချင်းချင်းနားလည်မှုယူပြီးတော့သူ့ပိုင်နက်ကိုယ်ပိုင်နက် နှစ်ဦးသဘောတူသတ်မှတ်စစ်ပြေငြိမ်းလိုက်ကြပြီး သူတို့က မရှိသလို ဇာတ်မြုပ်နေလိုက်ကြသလို၊လူသားတွေကလဲ သူတို့ကိုယုံတမ်းစကားလို့ သဘောထားလိုက်ကြပါတော့တယ်။
ဒီလိုနဲ့..။ ဘန်နီဆိုတဲ့ကောင်လေးက ကားအငှားဝန်ဆောင်မှုလုပ်ငန်းမှာ ယာဉ်မောင်းဖြစ်တဲ့သူ့အစ်ကိုရဲ့နေရာကို သူ့အစ်ကိုမအားလပ်တဲ့အချိန်မှာ ခဏဝင်ပေးဖို့ဖြစ်လာပါတယ်။ သူအစားဝင်တဲ့ညမှာမှ သူ့ကားကိုငှားရမ်းသူတွေက ဘလဲရ်နဲ့ ဇိုဝီဆိုတဲ့ရေလည်ဂေါ်ရေလည်လန်းတဲ့ မိန်းမလှလေးနှစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ သွားတဲ့ပါတီတွေများလာ ညနက်လာတဲ့နောက်ပိုင်း ဒီမိန်းမလှလေးနှစ်ယောက်ဟာ သွေးစုပ်ကောင်နှစ်ယောက်ဖြစ်ပြီး အဲ့ဒီညမှာပဲ သွေးစုပ်ကောင်တွေကြားက အချင်းချင်း အာဏာလုပွဲတွေ၊ လူသားတွေနဲ့ အပြန်အလှန်အငြိုးအတေးတွေနဲ့ဖြစ်မယ့် စစ်ပွဲတွေကြားထဲ ဘန်နီတစ်ယောက်ကြားခံမြေစာပင်အဖြစ်ပါဝင်မိလျက်သားဖြစ်နေပါတော့တယ်။
အစိမ်းသက်သက်အူကြောင်ကြောင် မိန်းကလေးတွေနဲ့တောင် မဆက်ဆံရဲတဲ့ ဘန်နီတစ်ယောက် ဒီဇာတ်လမ်းမှာ ဘယ်လိုရှေ့ဆက်နှစ်ပါးသွားမလဲ၊ သူဘယ်တုန်းကမှမသိတဲ့မြေအောက်လောကတစ်ခုရဲ့ အရှုပ်အထွေးတွေမှာ သူဘယ်လိုပါဝင်ပတ်သက်ရဖို့ဖြစ်လာမလဲ၊ သူ့အစ်ကိုကိုယ်တိုင်ကရော ဒီလောကနဲ့ ဘယ်လိုအဆက်အစပ်ရှိလို့ အခုလိုတွေဖြစ်လာရသလဲဆိုတာတွေကို ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါ။
Night Teeth ဟာလုံး၀ အသစ်အဆန်းတွေကို လတ်လတ်ဆတ်ဆတ်တွေ့မြင်ခံစားရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သွေးစုပ်ကောင်ဆိုပေမယ့် horror ဘက်ကိုမသွားပဲ rom/com ဆန်ဆန်၊ action/thriller ပုံစံနဲ့သွားထားတာဖြစ်ပြီး သီချင်းအမိုက်စားတွေ မိန်းမလှလေးတွေ၊ ခမ်းနားတဲ့နောက်ခံရှုခင်းအပြင်အဆင်တွေနဲ့ Music video အရှည်ကြီးတစ်ခုကြည့်နေရသလို မြူးမြူးကြွကြွနဲ့တစ်ချက်မှပျင်းချိန်မရပဲ အဆုံးသတ်ထိ ဆွဲဆောင်ခေါ်သွားပါလိမ့်မယ်။ အချိန်ပေးရတန်တဲ့ကားတစ်ကားဖြစ်ပြီး Megan fox ရဲ့ cameo ကိုလဲမြင်တွေ့ရမှာပါ။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Solid Drive | 1.29 GB | |
720p | Solid Drive | 462 MB | |
480p | Solid Drive | 290 MB | |
🔥 1080p 5.1CH | ⚡Fast Drive | 1.29 GB | |
720p | ⚡Fast Drive | 462 MB | |
480p | ⚡Fast Drive | 290 MB | |
🔥 1080p 5.1CH | G Drive | 1.29 GB | |
720p | G Drive | 462 MB | |
480p | G Drive | 290 MB |