
တေဂူးဆိုတဲ့ ဂိုဏ်းခေါင်းဆောင်ယန်ရဲ့ လူယုံတော် ညာလက်ရုံး၊ သူ့ဂုဏ်သတင်းကကြီးလွန်းလို့ပြိုင်ဘက်ဂိုဏ်းကပါ လာစည်းရုံးရတဲ့သူ။ ဒါပေမယ့် အဲ့ဒီကိစ္စကို ငြင်းဆန်ခဲ့ချိန်မှာ တစ်ဘက်ဂိုဏ်းကသူ့ကိုအကောက်ကြံလာတဲ့အတွက် တေဂူးခပ်ကြမ်းကြမ်း လက်တုန့်ပြန်မိပြီး သူ့ဆရာ အမိန့်နဲ့ ဂျေဂျူးကျွန်းကိုသွားရှောင်နေရတယ်။သူ ရှောင်နေတဲ့နေရာ သူတည်းခိုတဲ့အိမ်မှာ ဂျေယွန်းဆိုတဲ့ သေစေနိုင်တဲ့ရောဂါတစ်ခုခံစားနေရတဲ့မိန်းကလေးတစ်ယောက်နဲ့ သွားဆုံခဲ့တယ်။
အစပိုင်းအခင်းအကျင်းအရ ဒါမျိုးကားတွေမှာ မြင်ဖူးနေကျ တက်သစ်စလူငယ်ဂန်းစတားတစ်ယောက်၊ ယုတ်မာကောက်ကျစ်တဲ့ဂိုဏ်းခေါင်းဆောင်တွေ၊ ဖြစ်လာတော့မယ့် ဂိုဏ်းအချင်းချင်းကြားစစ်ပွဲ၊ ဂန်းစတားနဲ့ အားကိုးရာမဲ့မိန်းကလေးကြားက အချစ်ဇာတ်လမ်းစသဖြင့်။ အဲ့ဒီအရာတွေ အားလုံးကို ဒါရိုက်တာက စနစ်တကျအသေးစိတ် လှလှပပ ပုံဖော်သွားနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းဟာ မှန်းလို့ရသလို မရသလိုနဲ့ သိချင်စိတ်ကိုအဆုံးထိဆွဲခေါ်နိုင်တယ်၊ ငြိမ်နေရင် သစ်ရွက်လှုပ်သံတွေ လေတိုးသံ လှိုင်းပုတ်သံလေးတွေက အစအသေးစိတ်ကြားနိုင်ခံစားနိုင်ပြီးတော့ တစ်ချက်တစ်ချက်ထကြမ်းတဲ့အခါ တော်ရုံသတ္တိနဲ့ မျက်နှာလွှဲပစ်ရလောက်ပါတယ်။
Crime Thriller ပရိသတ်တွေ ကိုရီးယားဂန်းစတားကားကြိုက်တတ်တဲ့သူတွေ လက်လွတ်မခံသင့်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 2.14 GB | |
720p | ⚡Fast Drive | 712 MB | |
480p | ⚡Fast Drive | 405 MB | |
🔥 1080p 5.1CH | G Drive | 2.14 GB | |
720p | G Drive | 712 MB | |
480p | G Drive | 405 MB | |
🔥 1080p 5.1CH | Solid Drive | 2.14 GB | |
720p | Solid Drive | 712 MB | |
480p | Solid Drive | 405 MB |