
ဒီ 3D Animation ကားလေးကတော့ နီကျားအကြောင်းကို ဇာတ်အိမ်တည်အခြေခံရိုက်ထားတဲ့ကားဖြစ်ပါတယ်။
ဇာတ်လမ်းအသွားအလာကိုပြောပြရရင် ကောင်းကင်ဘုံရဲ့ထိန်းချုပ်မှုကို အစကတည်းက မခံခဲ့ရတဲ့နီကျားရဲ့ဝိဉာဥ်ဟာ အကြိမ်ကြိမ်အခါခါ လူဝင်စားဖို့အတွက် ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ် ။ ကောင်းကင်ဘုံမှာသာမကလူသားတွေဆီမှာပါ ပြဿနာတွေ အထိကရုဏ်းစစ်ပွဲတွေဖြစ်ပေါ်ပြီးနောက် ဒေါင်ဟိုင်းမြို့လေးဟာ ရေတွေကင်းမဲ့ကုန်ပါတယ်။ မကြာခင်မှာပဲ စွမ်းအားကြီးမားတဲ့ မျိုးနွယ်စုကြီးလေးစုက ပေါ်ပေါက်ကာ အုပ်ချုပ်ခဲ့တယ် ။ အဲ့ဒီထဲကမှ De လို့ခေါ်တဲ့ မျိုးနွယ်စုဟာ အင်အားအကြီးမားဆုံးနဲ့အတိုးတက်ဆုံး ဖြစ်လာပြီး ရေပြတ်လပ်နေတဲ့ ဒေါင်ဟိုင်းမြို့ကို ရေပေးဝေရောင်းချပြီး ဒေါင်ဟိုင်းမြို့ကို ထိန်းချုပ်ထားပါတယ် ။
လီယွင်ရှန်လို့ ခေါ်တဲ့ ဒေါင်ဟိုင်းက မှောင်ခိုလုပ်တဲ့သမားလေးဟာ တကယ်ပဲ နီကျားဝင်စားတာလား ၊ တကယ်ပဲ နီကျားဖြစ်လာမလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် ။ ဒါ့အပြင် ဆိုင်ကယ်စီးရတာကြိုက်တဲ့ လီယွင်ရှန်နဲ့ De အုပ်စုတွေနဲ့ ဘယ်လိုပြဿနာတွေများဖြစ်ကြမလဲ ၊ De အုပ်စုကရော ဘာတွေကြောင့်အင်အားကြီးမားနေရတာလဲဆိုတာ စိတ်ဝင်စားစရာပါပဲ ။ နီကျားဆိုတဲ့အတိုင်း တိုက်ခိုက်ခန်းတွေကိုလည်း graphics ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ် ။ ကြည့်သင့်တဲ့ တကယ့်ကားကောင်းလေးမလို့ ညွှန်းပေးလိုက်ပါတယ် ။
Download | Quality | Server | Size |
---|---|---|---|
🔥 4K | ⚡Fast Drive | 4.95 GB | |
🔥 1080p 5.1CH | ⚡Fast Drive | 2.11 GB | |
720p | ⚡Fast Drive | 1.05 GB | |
480p | ⚡Fast Drive | 602 MB | |
🔥 4K | G Drive | 4.95 GB | |
🔥 1080p 5.1CH | G Drive | 2.11 GB | |
720p | G Drive | 1.05 GB | |
480p | G Drive | 602 MB | |
🔥 4K | Solid Drive | 4.95 GB | |
🔥 1080p 5.1CH | Solid Drive | 2.11 GB | |
720p | Solid Drive | 1.05 GB | |
480p | Solid Drive | 602 MB |