
Nelly ဆိုတဲ့ ဆယ်နှစ်အရွယ်ကလေးမလေးဟာ သူ့ရဲ့တမူထူးခြားတဲ့ အနေအထိုင်နဲ့ စရိုက်သဘာဝတွေကြောင့်အပေါင်းအသင်းမရှိပါဘူး။ တစ်နေ့တော့ သူ့ဖခင်ဟာ အလုပ်ကိစ္စနဲ့မဖြစ်မနေခရီးထွက်ရမှာဖြစ်တဲ့အတွက် သူတို့ရဲ့ဆွေမျိုးနီးစပ် ဦးလေးတော်စပ်သူဟန်နီဘယ်ရဲ့အိမ်ကိုခဏတာနေထိုင်ဖို့ပို့ဆောင်ခဲ့ပါတယ်။ ဦးလေးဟန်နီဘယ်ဟာ နယ်ဘက်က ကြောက်စရာအိမ်အကြီးကြီးတစ်လုံးမှာ အိမ်တော်ထိန်း လာနာဆလီဗာနဲ့နှစ်ဦးတည်းနေထိုင်တာပါ။
နယ်လီဟာ စရောက်ကတည်းက အိမ်ကြီးရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို သူ့သဘာဝအလျောက်စပ်စုရင်း သူ့ဦးလေး၊ အိမ်တော်ထိန်းနဲ့တကွ သူတို့မျိုးရိုးစဉ်ဆက်ရဲ့လျှို့ဝှက်ချက်တွေကိုရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ သွေးစုပ်ဖုတ်ကောင်၊ တစ္ဆေ၊ သမန်းဝံပုလွေ အစရှိတဲ့အိပ်ယာဝင်ပုံပြင်တွေထဲက ကြောက်မက်ဖွယ်သတ္တဝါဆန်းတွေဟာ တကယ်တည်ရှိပြီး သူတို့ကတော့ ဒီသတ္တဝါတွေ လူ့လောကထဲလွန်ကျူးထွက်မလာအောင်ထိန်းသိမ်းရတဲ့အေးဂျင့်မျိုးနွယ်တွေဖြစ်ပါတယ်။ အဲ့ဒီကစပြီး နယ်လီ့ရဲ့ စွန့်စားခန်းစတင်ပါတော့တယ်။
နာမည်ကျော် ကလေးစာအုပ်ဇာတ်ကောင် Nelly Rapp အပေါ်အခြေခံထားပြီးတော့ ဆွီဒင်အကယ်ဒမီဆုပေးပွဲမှာ ဆုငါးဆုအထိလျာထားခံခဲ့ရသလို ပရိသတ်တွေလဲအကြိုက်တွေ့ခဲ့တဲ့ မိသားစု၊စိတ်ကူးယဉ်၊ စွန့်စားခန်းဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Solid Drive | 1.17 GB | |
720p | Solid Drive | 462 MB | |
480p | Solid Drive | 278 MB | |
🔥 1080p 5.1CH | ⚡Fast Drive | 1.17 GB | |
720p | ⚡Fast Drive | 462 MB | |
480p | ⚡Fast Drive | 278 MB | |
🔥 1080p 5.1CH | G Drive | 1.17 GB | |
720p | G Drive | 462 MB | |
480p | G Drive | 278 MB |