
ဒီတစ်ခါတော့ IMDb rating 8.2/10 အထိရရှိထားတဲ့ အိန္ဒိယကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေးပါပဲ။
ပရာဗင်၊ မာနီယန်နဲ့ ဆူနီသာတို့က သာမန်ရဲဝန်ထမ်းတွေပါ။ တစ်ရက်ကျတော့ မင်္ဂလာဆောင်တစ်ခုက အတူပြန်လာရင်း ကားမတော်တဆမှုဖြစ်ပါတယ်။ သူတို့ကအရက်သောက်ထားလို့ မာနီယန်ရဲ့တူဖြစ်သူက ကားမောင်းလာပေမဲ့ ယာဥ်တိုက်မှုဖြစ်တော့ ကြောက်လန့်ပြီးထွက်ပြေးသွားပါတယ်။ ကားတိုက်ခံရသူက သူတို့နဲ့ရန်ငြှိုးရန်စရှိတဲ့ ဒါလစ်မျိုးနွယ်စုထဲက ဇာတ်နိမ့်တစ်ယောက်ပါ။ ဒီအတိုင်းထားခဲ့ရင် ပရာဗင်တို့အတွက်ပိုအဆင်ပြေပေမဲ့ ကားတိုက်ခံရသူကို မထားခဲ့နိုင်တဲ့စိတ်ရင်းကြောင့် ပရာဗင်တို့က ဆေးရုံပို့ခဲ့သော်လည်း အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ဒီပြဿနာက သူတို့ခေါင်းပေါ်ကျလာပါတယ်။ သူတို့တွေကို လူသတ်တရားခံတွေအဖြစ် ဒါလစ်မျိုးနွယ်စုတွေထင်မြင်ပြီး ရဲတွေကိုဆန္ဒပြတာမျိုးတွေ လုပ်လာကြပါတယ်။ ပိုဆိုးတာက ရွေးကောက်ပွဲလုပ်ခါနီး အချိန်မျိုးမှာ ဆန္ဒထပြတာကြောင့် သူတို့ဆီကထောက်ခံမဲတွေကိုရရှိဖို့လက်ရှိအစိုးရဘက်က ပရာဗင်တို့ကိုထိုးကျွေးပါတော့တယ်။
အစိုးရအဖွဲ့အစည်းကြီးထဲမှာ ဖြစ်ပျက်နေတဲ့ ခေါင်းရှောင်မှုတွေ၊ အပေါ်ဖားအောက်ဖိဆန်တဲ့ အုပ်ချုပ်မှုထိပ်ပိုင်းနဲ့အောက်ခြေကပြဿနာတွေ၊ ကိုယ်ကမှန်ပေမဲ့ တစ်ခါတစ်လေမှာ ဒုက္ခရောက်ရပုံတွေကို ရိုက်ပြထားပါတယ်။ ဒီကားက Cinematic ထက် Reality ပိုဆန်ပါတယ်။ ဒီတော့ plot twist တွေထက် ဝုန်းဒိုင်းဂွမ်းဆန်တဲ့ လက်တွေ့ကျကျ အဖြစ်အပျက်တွေကို ကြည့်နေရသလိုမျိုး ခံစားရစေမှာပါ။
Download | Quality | Server | Size |
---|---|---|---|
🔥 4K | ⚡Fast Drive | 6.13 GB | |
🔥 1080p 5.1CH | ⚡Fast Drive | 2.28 GB | |
720p | ⚡Fast Drive | 885 MB | |
480p | ⚡Fast Drive | 506 MB | |
🔥 4K | G Drive | 6.13 GB | |
🔥 1080p 5.1CH | G Drive | 2.28 GB | |
720p | G Drive | 885 MB | |
480p | G Drive | 506 MB | |
🔥 4K | Solid Drive | 6.13 GB | |
🔥 1080p 5.1CH | Solid Drive | 2.28 GB | |
720p | Solid Drive | 885 MB | |
480p | Solid Drive | 506 MB |