
CIA အေးဂျင့် JJ ဟာ ရုရှားစစ်ဆင်ရေးတစ်ခုကို ရှုံးနိမ့်အောင် လုပ်ခဲ့မိတဲ့အတွက် ပါတနာဖြစ်သူ ဘော်ဘီနဲ့အတူ ချီကာဂိုမြို့မှာ နေထိုင်တဲ့ မိသားစုတစ်စုကို စောင့်ကြည့်ဖို့ တာဝန်ပေးခံရပါတယ်။ အဲ့ဒီမိသားစုဟာ နယူးကလီးယားဗုံးခွဲမယ့် အစီအစဉ်တစ်ခုမှာ ပါဝင်ပတ်သက်ကြတဲ့သူတွေပါ။
အဲ့ဒီမိသားစုထဲက ဆိုဖီဆိုတဲ့ကလေးမလေးက သူတို့ကို စီအိုင်အေစောင့်ကြည်နေတာကို အမှတ်မထင် သိသွားပြီးတဲ့နောက်ပိုင်း JJ ကိုခြိမ်းခြောက်ကာ အပေးအယူလုပ်ခဲ့ပါတယ်။
ဆိုဖီခိုင်းတာကို လုပ်ပေးရင်း JJ ဟာ ဆိုဖီနဲ့ရင်းနှီးလာပြီး ဆိုဖီအမေကိုလည်း သဘောကျစပြုလာပါတယ်။
ဆိုဖီတို့အိမ်ကို အကြမ်းဖက်သမား ဗစ်တာရောက်လာတဲ့အခါ၊ ဟန်ဆောင်အိမ်နီးနားချင်းတွေကပါ နယူးကလီးယားအစီအစဉ်ကိုလုယူဖို့ ကြိုးစားလာကြတဲ့အခါမှာတော့ အချင်းချင်းတိုက်ခိုက်ကြရင်း JJ ဟာ ဒီစစ်ဆင်ရေးကို ဘယ်လိုအဆုံးသတ်မှာလဲဆိုတာကို ကြည့်ရှုကြရမှာပါလို့ပြောရင်း အညွှန်းကိုအဆုံးသတ် လိုက်ပါတယ်။
IMDb 6.2 ရထားတဲ့ ဒီဟာသအက်ရှင်ဇာတ်လမ်းက ဘာပဲပြောပြော ကြည့်ရှုသူတွေကို စိတ်အပန်းပြေစေမှာပါ လို့ထပ်လောင်းပြောပါရစေ။