
မြောက်ပိုင်းကျူးကျော်သူတွေ ရန်က ကာကွယ်ဖို့တရုတ်ပြည်ရဲ့ ဧကရာဇ် အမိန့်တော်အရ တစ်အိမ်ကိုတစ်ယောက် စစ်မှုထမ်းရဖို့ဖြစ်လာပါတယ်။ ဂုဏ်သရေရှိစစ်သည်တော်ဟောင်းတစ်ယောက်ရဲ့သမီးကြီး ဟွာမူလန်းဆိုတဲ့ မိန်းကလေးတစ်ယောက် နာမကျန်းဖြစ်တဲ့ သူ့ဖခင်ကိုယ်စား ယောကျာ်းလေးတစ်ယောက် အယောင်ဆောင်ပြီးစစ်တပ်ထဲကိုဝင်ခဲ့ပါတယ်။ နိုင်ငံအနှံ့အပြားက လာတဲ့ စိတ်ကြမ်းလူကြမ်းစစ်သည်တော်တွေကြား အိမ်က တစ်ဖဝါးမှ မခွာဖူးတဲ့ မိန်းမပျိုလေးတစ်ယောက် အတူယှဉ်တွဲနေထိုင်ဖို့ဟာ စိန်ခေါ်မှုတစ်ခုပါပဲ။
ယောက်ျားရင့်မကြီးတွေ ထိုင်ငိုရလောက်အောင် ပင်ပန်းဆင်းရဲလှတဲ့ လေ့ကျင့်မှုတွေ စမ်းသပ်မှုတွေကြားကနေ တစ်ဖြည်းဖြည်း သူ့ရဲ့ ပင်ကိုစွမ်းရည် ပါရမီတွေ ပေါ်ထွန်းလာပြီးနိုင်ငံတစ်ခုလုံးကိုကယ်တင်နိုင်လောက်တဲ့ သူရဲကောင်းတစ်ဦးအဖြစ် ဘယ်လို ရင့်ကျက်ပြည့်စုံလာမလဲဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။
အားလုံးသိကြပြီးသား ဇာတ်လမ်းကို Live Action အဖြစ်အသက်သွင်းထားပြီး သတင်းတွေပေါ်လာကတည်းက စောင့်မျှော်ခဲ့ကြရတဲ့ကားတစ်ကားပါ။ ယောက်ျားလေးပရိသတ်တွေရဲ့ အသည်းကျော် ဂူဂူး (Liu Yifei) က ဟွာမူလန်အဖြစ်ခေါင်းဆောင်ပါဝင်ထားပြီး Jet Li, Gong Li, Tzi Ma တို့လို နာမည်ကြီးတွေက အားဖြည့်ပေးထားတဲ့အပြင် ဘတ်ဂျက် သန်း ၂၀၀ တောင်အသုံးပြုထားပြီး ဝေဖန်သူတွေက အက်ရှင်ခန်း , Visual တွေနဲ့ သရုပ်ဆောင်ချက်တွေကို ချီးကျူးထားကြပါတယ်။
Watch online | Server | Quality | Size |
---|---|---|---|
Watch online | Yandex | 480p | 423 MB |
Watch online | Yandex | 720p | 714 MB |
Watch online | Yandex | 1080p | 1.33 GB |