
ဒီကားလေးကတော့ ပထမထွက်ထားတဲ့ကားလေးရဲ့ အဆက်လို့ပြောလို့ရပေမဲ့ ဇာတ်လမ်းကတော့ သက်သက်စီပါ။ တရုတ်ခုန်ဆွသရဲအကြောင်းရုပ်ရှင်ပဲဖြစ်ပြီးတော့ IMDb rating 5.8/10အထိရရှိထားပါတယ်။
ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရှေးဟောင်းပစ္စည်းတွေတူးဖော်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ သင်္ချိုင်းဂူဟောင်းတစ်ခုကို သွားတူးဖော်ကြပါတယ်။ အဲဒီဂူထဲမှာ လူသေအလောင်းတွေ လက်ဝတ်လက်စားတွေအပြင် အလောင်းထည့်ထားတဲ့ အခေါင်းတွေပါတွေ့ခဲ့ရပါတယ်။ အဲဒီအခေါင်းထဲမှာတော့ အင်းစာရွက်နဖူးမှာကပ်ထားတဲ့ သွေးစုတ်ဖုတ်ကောင်တွေကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့တွေက အလောင်းကောင်တွေကို ရှေးဟောင်းပစ္စည်းဆိုပြီး ရောင်းဖို့ယူလာခဲ့ကြပါတယ်။
ဒီကားထဲက သွေးစုတ်ဖုတ်ကောင်တွေရဲ့ ထုံးစံအတိုင်း နဖူးကအင်းစာရွက် မတော်တဆကွာသွားခဲ့ပြီး အသက်ပြန်ဝင်လာပြီးတော့ သူတို့တွေကိုတိုက်ခိုက်ပါတော့တယ်။ ဒါကြောင့်သူတို့အဖွဲ့က တပည့်တစ်ယောက် ဒဏ်ရာရသွားပြီးတော့ ဆေးကုစားနေတဲ့ သရဲဖမ်းဆရာဆီမှာ ဆေးခန်းသွားပြမိရာကနေ သရဲဖမ်းဆရာတို့က သွေးစုတ်ဖုတ်ကောင်တွေကို နှိမ်နှင်းဖို့ကြိုးစားကြပုံကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ သရဲတွေကို ထုံးစံအတိုင်းခုန်ဆွခုန်ဆွနဲ့ တွေ့ရမှာဖြစ်တဲ့အပြင် သူတို့တွေရဲ့အလွဲလွဲအချော်ချော်လုပ်ရပ်တွေကြောင့် အတော်လေးရယ်ရတဲ့ကားလေးဖြစ်လို့ ရှုစားလိုက်ကြပါဦး။
Download | Quality | Server | Size |
---|---|---|---|
480p | Backup | 408 MB | |
720p | Backup | 721 MB | |
1080p | Backup | 1.51 GB | |
480p | G Drive | 408 MB | |
480p | Solid Drive | 408 MB | |
480p | Yandex | 408 MB | |
720p | G Drive | 721 MB | |
720p | Solid Drive | 721 MB | |
720p | Yandex | 721 MB | |
1080p | G Drive | 1.51 GB | |
1080p | Solid Drive | 1.51 GB | |
1080p | Yandex | 1.51 GB |
Watch online | Quality | Server | Size |
---|---|---|---|
480p | Backup | 408 MB | |
720p | Backup | 721 MB | |
1080p | Backup | 1.51 GB | |
480p | Yandex | 408 MB | |
720p | Yandex | 721 MB | |
1080p | Yandex | 1.51 GB |