
ပထမဆုံးအနေနဲ့ ဘာကြောင့် ကြည့်သင့်လဲ ပြောပါဆိုရင် အရှေ့အလယ်ပိုင်း စစ်ကားကို အရှေ့အလယ်ပိုင်းသားတွေနဲ့ ကြည့်ခွင့်ရမှာကြောင့်လို့ ဖြေ ဖြစ်မှာပဲ ။
သူများ ပြည်တွင်းရေးကို ဝင်စွက်ဖက်တဲ့ ခေါင်းဆောင်တွေရဲ့ အမိန့်နဲ့ သူများမြေပေါ်မှာ သေနတ်ကြီးတကားကားနဲ့ Moral High Grounded အမေရိကားစစ်သားတွေရဲ့ ဟီးရိုးလုပ်ပြမဲ့ ခေါက်ရိုးကျိူး ရှူ့ထောင့်ကို ခေါက်ထားခဲ့ရမှာပါ ။ အီရတ်ခီတွေကိုပဲ မြင်ရမဲ့ အီရတ်စစ်ပွဲ မှတ်တမ်းရုပ်ရှင် ဖြစ်ပါတယ် ။
2003 မှာ အမေရိကန်နဲ့ ညွှန်ပေါင်းတပ်တွေ အီရတ်တွေကို ဝင်လာခဲ့ကနေ အကြောင်းပြုပြီး အီရတ်ကမ္ဘာစစ်ပွဲ စဖို့ ဖြစ်လာပါတယ် ။ ရည်ရွယ်ချက်က အယ်လ်ကိုင်းဒါးတွေ ကို အမြစ်ဖြတ်ဖို့ဆိုပေမဲ့ နောက်ထပ် အကျိုးဆက်အနေနဲ့ 1999 မှာ ဖွဲ့စည်းခဲ့တဲ့ ISIS တွေကို နိုးဆွပေးသလို ဖြစ်ခဲ့ပါတယ် ။
2014-2017 စတဲ့ သုံးနှစ်တာအတွင်း ISIS တွေဟာ သမိုင်းဝင် မိုဆူးမြို့ကို သိမ်းပိုက်ဖျက်ဆီးခဲ့ကြပါတယ် ။
သူတို့ကို အနိုင်ယူဖို့ ကြိုးပမ်းရာမှာ ဒီ Doc မှာတော့ Nineveh SWAT Team ဆိုတဲ့ မြို့ခံ လက်ရွေးစင်ရဲ တွေ ပူးပေါင်းပြီး ဖွဲ့စည်းပြီး တစ်ထောင့်တစ်နေရာက ပါဝင်ထားတဲ့ အကြောင်းနဲ့အတူ ဒီ SWAT တွေ Mission တစ်ခုဆောင်ရွက်ကြတဲ့ ပုံစံကို တွေ့ရမှာပါ
မိုဆူး ၂၀၁၉ ရဲ့ ဒါရိုက်တာက ဒီကားလေးဟာ သူ့ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဖြစ်ပြီး Netflix အတွက်လည်း ပထမဆုံး အာရပ်စကားပြော Documentry ဖြစ်ပါတယ် ။
ကြည့်ရတာ အပြည့်ဝတန်ဖိုးရှိပါတယ် ။ အနောက်နိုင်ငံတွေကို ဆန့်ကျင်ဖို့ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းတဲ့ အကြမ်းဖက်သမားတွေ အတွက် အလင်းပြလို့မှ မရရင် သူတို့ နည်းလမ်းနဲ့ပဲ ပြန်ကိုင်တွယ်ရမှာ ဖြစ်တဲ့ အကြောင်းကို Character Grow Up အရ အဖြေပေးထားပါတယ်
နောက်တစ်ခုက စာတန်းထိုးအပြည့်ဝမထိုးပေးထားတာပါ ။ ဒါရိုက်တာက ရုပ်ရှင်ကြည့်ရင် ဒီစာတန်းတွေပဲ လိုက်ကြည့်ရင်း နားလည်ပစ်လိုက်ကြတာမျိုးဆိုတာထက် ဇာတ်ဝင်ခန်းတစ်ခန်းဟာ ဘာသာစကားကွာခြားပေမဲ့ ချစ်ခြင်းမေတ္တာကို မြင်ရရင် လူသားတိုင်းက ဒါ အချစ်ဆိုတာ နားလည်နိုင်ကြသလို နောက်ထပ် အထူးတည် ရှင်းပြနေစရာမလိုတော့ဘူးဆိုတဲ့ သဘောမျိုးနဲ့ပါတဲ့ ။
ကြည့်လိုက်ကြပါအုန်း မိုက်ပါတယ်
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 1.93 GB | |
720p | ⚡Fast Drive | 821 MB | |
480p | ⚡Fast Drive | 452 MB | |
🔥 1080p 5.1CH | G Drive | 1.93 GB | |
720p | G Drive | 821 MB | |
480p | G Drive | 452 MB | |
🔥 1080p 5.1CH | Solid Drive | 1.93 GB | |
720p | Solid Drive | 821 MB | |
480p | Solid Drive | 452 MB | |
🔥 1080p 5.1CH | Yandex | 1.93 GB | |
720p | Yandex | 821 MB | |
480p | Yandex | 452 MB | |
🔥 1080p 5.1CH | Backup | 1.93 GB | |
720p | Backup | 821 MB | |
480p | Backup | 452 MB |
Watch online | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Yandex | 1.93 GB | |
720p | Yandex | 821 MB | |
480p | Yandex | 452 MB | |
🔥 1080p 5.1CH | Backup | 1.93 GB | |
720p | Backup | 821 MB | |
480p | Backup | 452 MB |