
အဲရစ်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ အကြောင်းတစ်စုံတစ်ခုကြောင့် တောအုပ်ထဲမှာ ပုန်းလျှိုးကွယ်လျှိုးနေနေရင်းက လူငယ်တစ်ယောက်ကို မတော်တဆသတ်မိသွားပြီး အဖမ်းခံလိုက်ရပါတယ်။
ရဲစခန်းမှာ စကားတစ်ခွန်းမှ မေးလို့မရတဲ့အတွက် ခရစ်စတင်းဆိုတဲ့ စိတ်ပညာရှင် မိန်းမငယ်လေးတစ်ဦးကို သူ့ကိုမေးမြန်းဖို့
ခေါ်လာခဲ့ပါတယ်။ သူဟာ အဲ့ဒီလူငယ်ကို ထိတောင်မထိလိုက်ရပဲလဲကျသေဆုံးသွားတာကို တွေ့ရတဲ့ မျက်မြင်သက်သေတွေရဲ့
ထွက်ချက်အရ ခရစ်စတင်းက သူ့ကိုလှည့်ပတ်မေးမြန်းနေချိန်မှာ သူ့ရဲ့ အစွမ်းကိုမျက်မြင်တွေ့လိုက်ရပါတယ်။
ဒီအစွမ်းတွေကို သူ ဘယ်ကရလာသလဲ? ဘယ်လိုထိန်းချုပ်အသုံးချရမလဲဆိုတာ အဲရစ်ကိုယ်တိုင်လဲမသိပါဘူး။
နော်ဝေးရိုးရာ နတ်ဘုရားတွေရဲ့ ဒဏ္ဍာရီတွေကို အခြေခံတဲ့ ဒီဇာတ်ကားဟာ marvel cinematic universe မှာကျွန်တော်တို့ သော် အဖြစ်ရင်းနှီးခဲ့ပြီးသားဖြစ်တဲ့မိုးကြိုးနတ်ဘုရားရဲ့ ဇာတ်ကြောင်းကို ပုံစံအသစ်တစ်မျိုးနဲ့ တွေ့မြင်ခံစားကြရမှာပါ။ ခေတ်သစ် သော် ရဲ့ ပြန်လည်မွေးဖွားခြင်းပေါ့။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 298 MB | |
720p | Yandex | 493 MB | |
1080p | Yandex | 978 MB |