
တရားမဝင်လက်နက်တွေ အမြောက်အမြား ကိုရီးယားကို တင်ပို့လိုက်တယ်ဆိုတဲ့သတင်းနဲ့အတူ တရုတ်ဘက်ကလျှို့ဝှက်အေးဂျင့် ဒါဟီးကိုစုံစမ်းစစ်ဆေးဖို့လွှတ်လိုက်ပါတယ်။ သူဆက်သွယ်ရမယ့်သူနဲ့ မတော်တဆလွဲချော်ပြီး အလွတ်စုံထောက်သဘောမျိုး အေဂျင်စီထောင်ထားတဲ့ အူကြောင်ကြောင် ဆူဟန်ဆိုတဲ့လူနဲ့ လွဲမှားပြီး တွေ့ဆုံခဲ့ပါတော့တယ်။ သူတို့စုံစမ်းထောက်လှမ်းရမယ့် အမှုရဲ့နောက်ကွယ်မှာ နိုင်ငံထိပ်တန်းအင်အားကြီး လူဆိုးဂိုဏ်းတွေပါဝင်ပတ်သက်နေပါတယ်။
ဒါတွေကို ထောက်လှမ်းရေးသင်တန်းဆင်းစ မနူးမနပ်စုံထောက်မလေးနဲ့ လုပ်သမျှပြောသမျှ တလွဲတချော်တွေနဲ့ခပ်ကြောင်ကြောင်အလွတ်စုံထောက် ဆူဟန်တို့ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ပါးစပ်မစေ့တမ်းရယ်နေရမယ့် ဟာသတွေအပြည့်နဲ့ တင်ဆက်ထားပြီးဖျော်ဖြေမှုအပြည့်အဝပေးနိုင်တဲ့ အက်ရှင်ဟာသကားကောင်းဖြစ်ပါတယ်။
ဟာသဟာ အက်ရှင်ခန်းတွေကို အနှောင့်အယှက်မပေးသလို အဲ့ဒီဟာသတွေကိုက ကလိထိုးဟာသမဟုတ်ပဲ သဘာဝကျကျရယ်နေရတာမျိုးပါ။
အက်ရှင်ခန်းတွေကလဲ သွေးသံရဲရဲတွေ ကြုံရာနဲ့ကောက်ထုတာတွေ အထူးသဖြင့် လက်ချည်းသက်သက်တိုက်ခိုက်ခန်းတွေဆို အတော်ကြည့်ကောင်းပါတယ်။ ကြည့်နေရင်း ကြည့်နေရင်း ဆူဟန်ဟာ တကယ်ကြောင်တောင်တောင်နိုင်တာလား ခေတ်မကောင်းလို့ရူးချင်ယောင်ဆောင်နေတာလားဆိုတာကိုလဲ မြင်လာပါလိမ့်မယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1440p | ⚡Fast Drive | 1.43 GB | |
1080p | ⚡Fast Drive | 919 MB | |
720p | ⚡Fast Drive | 478 MB | |
480p | ⚡Fast Drive | 298 MB | |
🔥 1440p | G Drive | 1.43 GB | |
1080p | G Drive | 919 MB | |
720p | G Drive | 478 MB | |
480p | G Drive | 298 MB | |
🔥 1440p | Solid Drive | 1.43 GB | |
1080p | Solid Drive | 919 MB | |
720p | Solid Drive | 478 MB | |
480p | Solid Drive | 298 MB |