
ဒီကားလေးကတော့ အတော်ဟောင်းပြီဆိုပေမဲ့ ကြည့်ကောင်းတုန်းလို့ပြောရမယ့် စိတ်ကူးယဥ်ဟာသကားလေးဖြစ်ပြီး IMDb rating 6.9/10အထိ ရရှိထားပါတယ်။ ဒါ့အပြင် Cinekidနဲ့ Oulu International Children’s Film Festivalမှာလည်း ဆုတွေရတဲ့အပြင် ဇာတ်ကားထဲက မယ်တယ်ဒါနေရာမှာ သရုပ်ဆောင်တဲ့ Mara Wilsonလည်း အကောင်းဆုံးကလေးသရုပ်ဆောင်ဆု ရရှိထားပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဝမ်းဝုဒ်မိသားစုရဲ့ အငယ်ဆုံးသမီးလေး မယ်တယ်ဒါဟာ ငယ်ငယ်ကတည်းက စာဖတ်ရတာဝါသနာပါပြီး ဥာဏ်အရမ်းကောင်းပါတယ်။ ဒါပေမဲ့ သူ့မိဘတွေနဲ့အစ်ကိုကတော့ ပျော်ပျော်နေပြီး စရိုက်ဆိုးတဲ့လူတွေပါ။ မိသားစုနဲ့ အံဝင်ဂွင်ကျမဖြစ်ခဲ့တဲ့ မယ်တယ်ဒါရဲ့ဘဝကြီးက ငယ်ငယ်ကတည်းက အခက်အခဲတွေနဲ့ပြည့်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဥာဏ်ကောင်းသူပီပီ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ်။ သူကျောင်းတက်တဲ့အရွယ်မှာတော့ သူတို့ကျောင်းအုပ်ဆရာမကြီးက ကလေးတွေကိုမုန်းပြီး ရက်ရက်စက်စက်အပြစ်ပေးတတ်တဲ့ လူ့ဂွစာမကြီးဖြစ်နေပါတယ်။ ဒါပေမဲ့လည်း ကံကောင်းစွာဘဲ သူ့ရဲ့အတန်းပိုင်ဆရာမက ကလေးတွေအပေါ်ကြင်နာတတ်ပြီး ခင်မင်စရာ သူငယ်ချင်းတွေလည်းရလာတာကြောင့် မယ်တယ်ဒါတစ်ယောက် သူတို့နဲ့အတူ အပြန်အလှန်ကူညီပြီး အခက်အခဲတွေကိုဖြေရှင်းပါတော့တယ်။ ဒါ့အပြင်သူ့ဆီမှာ အရာဝတ္ထုတွေကို စိတ်စွမ်းအင်နဲ့ရွှေ့ပစ်နိုင်တဲ့ အစွမ်းရှိတာကို သိလာရချိန်မှာတော့ ဘယ်လိုဆက်ဖြစ်မလဲ။ အဲဒီအစွမ်းကို ဘယ်လိုအသုံးချမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် Family typeကားလေးဖြစ်လို့ ရှုစားလိုက်ကြပါဦး။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 2.4 GB | |
720p | ⚡Fast Drive | 740 MB | |
480p | ⚡Fast Drive | 421 MB | |
🔥 1080p 5.1CH | G Drive | 2.4 GB | |
720p | G Drive | 740 MB | |
480p | G Drive | 421 MB | |
🔥 1080p 5.1CH | Solid Drive | 2.4 GB | |
720p | Solid Drive | 740 MB | |
480p | Solid Drive | 421 MB | |
🔥 1080p 5.1CH | Yandex | 2.4 GB | |
720p | Yandex | 740 MB | |
480p | Yandex | 421 MB | |
🔥 1080p 5.1CH | Backup | 2.4 GB | |
720p | Backup | 740 MB | |
480p | Backup | 421 MB |
Watch online | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Yandex | 2.4 GB | |
720p | Yandex | 740 MB | |
480p | Yandex | 421 MB | |
🔥 1080p 5.1CH | Backup | 2.4 GB | |
720p | Backup | 740 MB | |
480p | Backup | 421 MB |