
သိုင်းစုံထောက်ကားကောင်းလေးတစ်ကားပါ။ ရယ်လည်းရယ်ရတဲ့အပြင်ဇာတ်အိမ်လေးကလည်း အတော်သွက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့လင်ကျန်းပြည်နယ်မှာ တရားသူကြီးနှစ်ယောက်ဟာ မြွေနဂါးလက်ချက်နဲ့သေဆုံးခဲ့ပါတယ်။ ထိုသေဆုံးမှုဟာ နေပြည်တော်အထိ သတင်းပြန့်နှံလာတဲ့အတွက်မင်းကြီးကနေ နန်းတွင်းတော်ဝင်သက်တော်စောင့် ၂ ယောက်ကို အမှုစုံစမ်းဖို့စေလွှတ်လိုက်ပါတယ်။
ထိုတော်ဝင်သက်တော်စောင့် ၂ ယောက်ဟာ ပုံမှန်အားဖြင့်နန်းတွင်းထဲက မင်းသမီးတွေရဲ့ ခွေးပျောက် ကြောင်ပျောက်တဲ့အမှုတွေလောက်ဖြေရှင်းဖူးတဲ့ ငစနူတွေပါ။ ထိုငစနူနှစ်ယောက်မှ ဒီလို မြွေနဂါးလူသတ်မှုလိုအမှုကြီးကြီးကို ဘယ်လိုတလွဲတချော်တွေနဲ့ ဖြေရှင်းမလဲဆိုတာ ဒီဇာတ်ကားမှာအားရပါးရ ခွီရင်း ကြည့်ရှုလိုက်ပါ