
လီယာဟာ အသင်းတော်ဘုန်းကြီးရဲ့နေအိမ်ကျယ်ကြီးမှာ နေထိုင်တဲ့ ၁၀ နှစ်အရွယ်ကလေးမတစ်ယောက်ပါ။ တစ်ရက်မှာသူ့ရဲ့ဆယ်ကျော်သက်အစ်မဖြစ်သူနဲ့အတူ လမ်းရိုးကမပြန်ပဲဖြတ်လမ်းတောအုပ်ကြီးထဲကပြန်အလာမှာ သူမသိလိုက်ပဲ၊ဧည့်သည်တစ်ယောက်ကပ်ပါလာခဲ့ပါတယ်။ အဲ့ဒီညကစလို့ညတွေမှာရောက်လာတတ်တဲ့ ဧည့်သည်ဟာသူနဲ့ရွယ်တူ ညစ်ပေနေတဲ့နတ်သမီးဝတ်စုံနဲ့မိန်းကလေးဖြစ်ပြီး သူ့ကိုအဖော်ပြုတယ်၊ စကားလာပြောတယ်၊ အတူတူကစားကြတယ်။ ဒီဧည့်သည်လေးဟာ ပြန်ကာနီးတိုင်း လီယာ့ကို ဘယ်နေရာမှာ ဘာပစ္စည်းလေးတွေရှိတယ် ဆိုတာမျိုးပြောပြောသွားတတ်တယ်။
အဲ့ဒီရှာဖွေမှုတွေဟာ သူ့အတွက် အန္တရာယ်တွေဆိုတာ..ဒီဧည့်သည်ဟာ စိတ်သဘောရိုးနဲ့မဟုတ်ဘူးဆိုတာ တစ်ဖြည်းဖြည်းရန်လိုလာတဲ့အပြုအမူ ကြောက်မက်ဖွယ်အသွင်၊ တစ်ခါတစ်လေမြင်ရတတ်တဲ့ ထူးခြားချက်တွေကတစ်ဆင့် လီယာရိပ်မိလာချိန်ဟာ သူ့အတွက်သိပ်နောက်ကျသွားတော့မှာလား။
ဇာတ်လမ်းသွားအရ 2008 တုန်းက နာမည်ကျော် Let the right one in နဲ့ ဆင်ကြောင်းသိကြမှာပါ။ Storytelling ပုံစံသိမ်မွေ့ထူးခြားပြီးတော့ သရုပ်ဆောင်တွေသာ လိုက်မမှီခဲ့ရင် ဇာတ်ကပျက်စီးသွားနိုင်လောက်တဲ့ပုံစံမျိုးကိုမှကလေးသရုပ်ဆောင်နှစ်ယောက်ဟာပြောင်ပြောင်မြောက်မြောက်အစွမ်းပြသွားခဲ့နိုင်ပါတယ်။ မေးခွန်းတွေ တစ်ခုပြီးတစ်ခုတောက်လျှောက်ပေးသွားပြီး ပြန်ရလာတဲ့အဖြေဟာ စိတ်ကျေနပ်စရာရှိမရှိ ဆက်လက်ရှုစားကြပါ။