
အိန္ဒိယကားကို သဘောကျတဲ့လူတွေအတွက် ဒီတစ်ခါတော့ IMDb rating 8.3/10အထိရရှိထားတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ရာမာဒါပလီမြို့မှာ သြဇာညောင်းတဲ့ စူလေးမန်းဆိုတဲ့လူကို ရဲတွေကမျက်မုန်းကျိုးနေလို့ ဆူပူမှုကိုအကြောင်းပြပြီး ထောင်ထဲထည့်ထားတုန်း လုပ်ကြံပစ်ဖို့အတွက်စီစဥ်ပါတယ်။ ဒါပေမဲ့ ရဲတွေကိုယ်တိုင်လုပ်ကြံလို့မရတာကြောင့် အခြားအကျဥ်းသားကိုသတ်ခိုင်းဖို့လုပ်ပေမဲ့ ဘယ်သူမှမသတ်ရဲတာကြောင့် ဖရက်ဒီဆိုတဲ့ စူလေးမန်းနဲ့တူတော်စပ်သူကို ခိုင်းဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ စူလေးမန်းဆိုတာ ဘယ်လိုလူမျိုးလဲ။ လူပုံစံက ပိန်ပိန်ပါးပါးနဲ့စူလေးမန်းက ရာမာဒါပလီမြို့အတွက် ဘာတွေလုပ်ပေးခဲ့လို့ ဘယ်သူကမှမသတ်ချင်ရတာလဲ။ ပြီးတော့ တူအရင်းတော်တဲ့ဖရက်ဒီက သူ့ကိုသတ်ဖို့အတွက်လက်ခံလိုက်ရလောက်အောင် သူတို့မိသားစုနှစ်ခုကြားမှာ ဘယ်လိုအငြိုးအတေးတွေရှိခဲ့လဲဆိုတာကို ကြည့်ရမှာပါ။
အိန္ဒိယကားတွေက လက်တွေ့ဆန်ပါတယ်။ လောကကြီးမှာ အပြည့်အဝကောင်းတဲ့လူဆိုတာ မရှိဘူးဆိုသလို စူလေးမန်းကလည်း အပြည့်အဝကောင်းသူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့လုပ်ရပ်တွေက အကြောင်းပြချက်ရှိပါတယ်။ ဥပဒေဆိုတာ နိုင်ငံရေးသမားတွေရဲ့ ကစားစရာဖြစ်ပြီး အခြေခံလူတန်းစားတွေရဲ့အသက်ကို စာရွက်ထဲကဂဏန်းသာသာပဲမြင်ကြတဲ့ အိန္ဒိယကအုပ်ချုပ်ရေးစနစ်ကို ထင်ဟပ်အောင် ရိုက်ပြထားပါတယ်။ ဒီကားထဲမှာ အိန္ဒိယကရဲတွေရဲ့ယုတ်မာမှုတွေ၊ လူမဆန်မှုတွေကိုလည်း တွေ့ရမှာဖြစ်ပြီး မထင်ထားတဲ့လှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ကားကောင်းလေးဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 4K | ⚡Fast Drive | 6.40 GB | |
🔥 1080p 5.1CH | ⚡Fast Drive | 2.65 GB | |
720p | ⚡Fast Drive | 1.09 GB | |
480p | ⚡Fast Drive | 647 MB | |
🔥 4K | G Drive | 6.40 GB | |
🔥 1080p 5.1CH | G Drive | 2.65 GB | |
720p | G Drive | 1.09 GB | |
480p | G Drive | 647 MB | |
🔥 4K | Solid Drive | 6.40 GB | |
🔥 1080p 5.1CH | Solid Drive | 2.65 GB | |
720p | Solid Drive | 1.09 GB | |
480p | Solid Drive | 647 MB |
Watch online | Quality | Server | Size |
---|---|---|---|
ALL | MyanDrive | NIL |