
ဒီနေ့တော့ အရမ်းကောင်းတဲ့ 2007 တုန်းက ထွက်ထားတဲ့ဘအိန္ဒိယကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီ ဇာတ်ကားဟာ IMDb Rating 8.4 အထိ ရရှိထားပါတယ်။ဆု 15 ခု လျာထားခြင်းခံခဲ့ရပြီး 13 ဆု တိတိရရှိခဲ့ပါတယ်။
ပါဝင်တဲ့မင်းသားကို လည်းစိမ်းကြမယ်မထင်ပါဘူး။
ကျွန်တော်တို့တွေကြိုက်နှစ်သက်ခဲ့ကြတဲ့ PK ဇာတ်ကားမှ ကျွန်တော်တို့ရဲ့အသည်းကျော်မင်းသား Aamir Khan ပဲဖြစ်ပါတယ်။
ဂျစ်ကန်ကန်ကလေးလေး အီရှန်ရဲ့နေရာမှာ ၈ နှစ်အရွယ်ကလေးသရုပ်ဆောင် Darsheel Safary က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းကတော့
အသက် ၈ နှစ်အရွယ်ရှိ အီရှန်ဟာ မိသားစုမှာ အငယ်ဆုံးသားဖြစ်ပြီးတော့ သူဟာ Grade 3 ကို တစ်နှစ်ကျခဲ့လို့ ပြန်တက်နေရတဲ့ ကျောင်းသားလေးလည်းဖြစ်ပါတယ်။ ကျောင်းမှာလည်း အမြဲတမ်း နောက်ဆုံးကဖြစ်ပြီး စာသင်ရတာကို စိတ်မဝင်စားသူပါ။
စာသင်နှစ်ဝက်ရောက်တဲ့ အချိန်မှာတော့ အီရှန်ရဲ့ ဖခင်ဟာ စည်းကမ်းကြီးတဲ့ ဘော်ဒါကျောင်းတစ်ခုကို အီရှန့်ကို ပို့လိုက်ပါတယ်။ အီရှန်ဟာ ကျောင်းမှာ စည်းကမ်းတင်းကြပ်တဲ့ ဆရာတွေရဲ့ ဖိအားပေးမှုကြောင့် စာတွေကို စိတ်မဝင်စားရာကနေ စာသင်ရမှာကို ကြောက်လန့်လာပါတော့တယ်။
သူအရင်က အရမ်းဝါသနာပါတဲ့ ပန်းချီဆွဲခြင်းကိုတောင် စိတ်ဝင်စားခြင်းမရှိတော့ပဲ၊ ဆိုးဝါးလှတဲ့ စည်းကမ်းတွေရဲ့ ဖိအားအောက်မှာ အမြဲတမ်းကြောက်လန့်နေရသူဖြစ်လာပါတယ်။ ဒီလိုနဲ့ အချိန်ပိုင်းပန်းချီဆရာအဖြစ် ဆရာအသစ် တစ်ယောက်ရောက်လာပါတယ်။
အီရှန်လေးရဲ့ တစ်ယောက်တည်း အထီးကျန်ကြောက်လန့်နေမှုကို သတိထားမိတဲ့ ဆရာဟာ အီရှန်လေးရဲ့ မိဘတွေကို သွားရောက်တွေ့ဆုံပြီး ပြဿနာရဲ့ အဖြေကို ဆွေနွေးခဲ့ပါတယ်။ အီရှန်ရဲ့ အခြေနေဟာ ပြန်အဆင်ပြေလာနိုင်မလားဆိုတာကို အဖြေရှာရမှာပါ။
ငယ်ရွယ်တဲ့ တူ၊တူမ၊ သားသမီးရှိတဲ့ မိဘတိုင်း၊ ဆရာဆရာမတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပြီး ကလေးတိုင်းမှာ မတူညီတဲ့ စွမ်းဆောင်ရည်နဲ့ မတူညီတဲ့ အိပ်မက်တွေရှိတယ်ဆိုတာကို ဇာတ်လမ်းအစကနေအဆုံးအထိ မျက်စိမခွာနိုင်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။
Watch online | Server | Quality | Size |
---|---|---|---|
Watch online | Yandex | 480p | 699 MB |
Watch online | Yandex | 720p | 1.18 GB |
Watch online | Yandex | 1080p | 2.42 GB |