
Old But Gold ဇာတ်လမ်းကောင်းတွေထဲက တစ်ကားဆိုရင် မှားမယ် မထင်ပါဘူး။
အခုတလော Kung Fu Panda 4 ကလည်း လာမယ့်နှစ်ထဲ ထုတ်ဖို့စီစဉ်နေကြပြီလို့ သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင့် တင်ဆက်ပေးလိုက်ပါတယ်နော်။
အေးချမ်းတဲ့ မြို့ကလေးက အစားပုတ်၊ အပျင်းတစ် ပန်ဒါကြီး ‘ပို’ ဆိုရင် မသိတဲ့သူ မရှိသလောက်ပါပဲ။
တလွဲတွေလုပ်တတ်ပေမယ့် ကွန်ဖူးဆရာတစ်ဆူဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်ကိုလည်း တစ်ယောက်တည်း တိတ်တိတ်လေးမက်နေတဲ့ ငပျင်းကလေးပဲ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ သူမျှော်လင့်ထားသလို သိုင်းလောကဆရာတစ်ဆူဖြစ်လာဖို့ အကြောင်းဖန်လာတဲ့အခါ.. ။
မမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ အခါမှာ ကွန်ဖူးပညာ အခြေခံအဆင့်တောင် မရှိတဲ့ သူ့အတွက် ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ။
ဒီ ဇာတ်ကားကတော့ ကွန်ဖူးပန်ဒါ ဖြစ်ပေါ်လာရတဲ့ အစကို မြင်တွေ့ရမှာပါ။ ရယ်စရာတွေ ၊ အလွဲလွဲတွေနဲ့ တစ်နေ့တာကို အပန်းဖြေနိုင်ကြပါစေ။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 318 MB | |
720p | Yandex | 527 MB | |
1080p | Yandex | 977 MB |