
ဒီတစ်ခါတော့ အိန္ဒိယကားကောင်းတွေကိုမှ သဘောကျတဲ့လူတွေအတွက် အိန္ဒိယနိုင်ငံထဲက အုပ်ချုပ်ရေးယန္တရားစနစ်ကို သရော်ထားတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက အိန္ဒိယနိုင်ငံရဲ့ အစိုးရမှတ်တမ်းထဲမှာ သေဆုံးပြီလို့မှားယွင်းဖော်ပြခံရတဲ့လူတစ်ယောက်က သူအသက်ရှင်ကြောင်း သက်သေပြဖို့ပြန်ကြိုးစားရင်း ၁၉နှစ်တိတိ အချိန်ကြာမြင့်ခဲ့ရတဲ့ ဖြစ်ရပ်မှန်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။
လူတစ်ယောက် သေလားရှင်လားကို ဘယ်အရာကဆုံးဖြတ်ပေးပါသလဲ။ ဝင်သက်ထွက်သက်နဲ့ နှလုံးခုန်သံက လူတစ်ယောက်အသက်ရှင်နေတယ်လို့ပြောနိုင်ဖို့ ဘာရက်လယ်အတွက်တော့ မလုံလောက်ခဲ့ပါဘူး။ ဘာလို့ဆိုတော့ အစိုးရရုံးမှတ်တမ်းစာရွက်ထဲမှာ သူသေပြီလို့ကြေငြာထားလို့ပါ။ စာရွက်ထဲမှာ သူသေသွားတာနဲ့တစ်ပြိုင်နက် နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေနဲ့ သူ့ဘဝလည်းသေဆုံးသွားပါတယ်။ ဒါဆိုရင် သူအသက်ရှင်ဖို့ဘာလုပ်ရမလဲ။
အခြေခံလူတန်းစားတွေရဲ့ဘဝအတွက် အာမခံချက်မပေးနိုင်သေးတဲ့ အိန္ဒိယလိုနိုင်ငံထဲက ယိုယွင်းနေတဲ့အုပ်ချုပ်ရေးစနစ် ခြစားနေတဲ့အဖွဲ့အစည်းတွေအောက်မှာ အနင်းခံဘဝဖြစ်နေပြီး အမြဲတမ်းအရှုံးဘက်ရောက်နေတဲ့ပြည်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ ဘာရက်တစ်ယောက် သူအသက်ရှင်နေကြောင်းကို သက်သေပြနိုင်ဖို့ ကြိုးစားပုံကို ဟာသဆန်ဆန်လေး ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုသူတွေ မပျင်းရဘဲ အတွေးတစ်ခုခုရစေမှာပါ။
Download | Quality | Server | Size |
---|---|---|---|
1080p | ⚡Fast Drive | 1.53 GB | |
720p | ⚡Fast Drive | 818 MB | |
480p | ⚡Fast Drive | 492 MB | |
1080p | G Drive | 1.53 GB | |
720p | G Drive | 818 MB | |
480p | G Drive | 492 MB | |
1080p | Solid Drive | 1.53 GB | |
720p | Solid Drive | 818 MB | |
480p | Solid Drive | 492 MB | |
1080p | Yandex | 1.53 GB | |
720p | Yandex | 818 MB | |
480p | Yandex | 492 MB |
Watch online | Quality | Server | Size |
---|---|---|---|
1080p | Yandex | 1.53 GB | |
720p | Yandex | 818 MB | |
480p | Yandex | 492 MB |