
အခုဆိုရင်ဒေါ်လာ ၁၄ သန်းတန် ဂျွန်ဟာကမ္ဘာပေါ်မှာ ပြေးစရာမြေမရှိဖြစ်နေပါပြီ။ ကွန်တီနန်တယ်ဟော်တယ် မှာလည်း စည်းကမ်းဖောက်ဖျက်မိလို့ အဖွဲ့ဝင်အဖြစ်ကထုတ်ပယ်ခံထားရကာ အကူအညီလည်းကင်းမဲ့နေပါပြီ။ အခုလိုအများနဲ့တစ်ယောက်လို့ဖြစ်နေတဲ့အချိန်မှာ အသက်ဆက်ရှင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်မလဲ။
ဂျွန်ဟာ ဂျီဟာနာနဲ့ဆန်တီနို တို့ကိုသတ်လိုက်ခြင်းက High Table ကိုစိန်ခေါ်သလို ဖြစ်သွားတော့ High Table က Adjudicator တစ်ယောက်ဆင်းလာပြီး ဂျွန်ကိုရှင်းပစ်ဖို့လုပ်ဆောင်ပါတော့တယ်။
ဂျွန်ကိုဘယ်သူပဲဖြစ်ဖြစ်အကူအညီပေးတဲ့သူဟာ High Table ကနေပေးမယ့်အပြစ်ဒဏ်ကို မလွဲမသွေခံယူရမှာ ဖြစ်လို့ ဒီတစ်ခါကော ဘယ်သူတွေက အရဲစွန့်ပြီး အကူအညီပေးမလဲ ဆိုတာတွေကို Action ခန်းတွေနဲ့ ရှုစားရမှာ ဖြစ်ကြောင်းပြောရင်း Review ကိုအဆုံးသတ်ပါရစေ။