
ရည်းစားသေလို့ ပူဆွေးနေတဲ့ ဂျွန်ဆီ ရုရှားမာဖီးယားခေါင်းဆောင်ရဲ့သား အိုင်းဆက်က အိမ်ကိုဝင်စီးကာ ဂျွန်ကိုရိုက်နှက်ပြီး၊ ဂျွန်ရည်စားပေးထားတဲ့ခွေးကိုရိုက်သတ်ကာ ကားကိုခိုးယူသွားပါတယ်။
တကယ်တော့ဂျွန်ဟာ ဒုစရိုက်လောကမှာ လူတိုင်းကြောက်ရွံ့ကြတဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒါကို အိုင်းဆက်က မသိခဲ့ပါဘူး။
ဂျွန်ဟာ ခွေးတစ်ကောင်၊ ကားတစ်စီးအတွက်နဲ့ လက်စားချေဖို့ အိုင်းဆက်နောက်ကို လိုက်လာနေပြီဖြစ်ပါတယ်။ မာဖီးယားခေါင်းဆောင်ဟာ သူ့သားမသေဖို့အတွက် ဂျွန်ကိုနည်းလမ်းမျိုးစုံသုံးပြီး တားဆီးပေမယ့်လည်း မရတော့ပါဘူး။
မင်းသားကြီး Keanu Reeves ပါဝင်ထားတဲ့ ဒီဇာတ်လမ်းဟာ ကြည့်လို့မကောင်းမှာတော့ ပူစရာမလိုပါဘူးလို့ ပြောရင်းအညွှန်းကိုအဆုံးသတ်လိုက်ပါတယ်။