
It’s Christmas Time!!! လို့ ဒီနှစ်အတွက် အပြည့်ဝ အော်လို့ အာမခံမရသေးပေမဲ့ #StayAtHome တွေအတွက် ဒီခရစ်စမတ်ရာသီစာကားလေးကတော့ ဖျော်ဖြေရေးပိုင်းအနေနဲ့ သူ့တာဝန်သူကျေပါတယ်တဲ့
ဇာတ်လမ်းက ခရစ်စမတ်မတိုင်ခင် ကြုံခဲ့ရတဲ့ Genius မြေးအဖိုးရဲ့ စွန့်စားခန်းပါ ။ လူသားတိုင်း ကြုံကိုကြုံခဲ့ရတဲ့ ကလေးဘဝရဲ့ ဆုတောင်းတွေ ၊ အိမ်မက်တွေ ဖြစ်တဲ့ အရုပ်တွေကို ဖန်တီးသူ တီထွင်ရေးပညာရှင် ဂျရော်နီကာ ဂျန်ဂဲလ် တစ်ယောက် အနှစ်နှစ် အလအလ ကြိုးစားထားတဲ့ Book Of Inventions ဟာ သူ ယုံကြည်ရပါတယ်ဆိုတဲ့ အလုပ်သင်ကလေးကနေ အဆိုးဆုံးကတော့ သူ့ရဲ့ အောင်မြင်မှု အကြီးစားတစ်ခုဖြစ်တဲ့ အရုပ်ကလေးရဲ့ သွေးထိုးမှုနဲ့အတူ ခိုးသွားတာကနေ စပါတယ်
လူ တိုင်း ကြုံရတဲ့ အခက်ခဲတစ်ခုရှိတယ် ။ ကြုံကို ကြုံရတယ် ။ ဘာလဲဆိုရင် Hope လို့ခေါ်တဲ့ မျှော်လင့်တွေ ရိုက်ချိုးခံလိုက်ရရင် ပြန်ထဖို့လုပ်တဲ့အခါ ပေးဆပ်ရတဲ့ အချိန်ဆိုတာကြီးနဲ့ အပေးယူလုပ်ရတဲ့နေရာမှာ စွန့်စားမှုအရမ်းများတယ်ဆိုတာပဲ
ဒါကြောင့် The Shawshank Redemption မှာ မျှော်လင့်ချက်က အန္တရယ်ကောင် ၊ လူတွေကိုရူးသွားစေနိုင်တယ်လို့ Freeman ကြီးက ဆိုခဲ့ဖူးတယ်
အရင်ဆုံး တခြားခေါင်းစဥ်တွေကို မေ့ထားပြီး လူနှစ်မျိုးဆိုပြီး ခွဲကြည့်ရအောင် ။ Gifted သမား Genius တွေနဲ့ ၊ သာမန် လူဆိုပြီးတော့လေ ။ ကျွန်တော်တို့ စောနက ပြောခဲ့သလိုပဲ မျှော်လင့်ချက် ပြန်တည်ဆောက်ဖို့ ဘယ်လောက်ပဲ တော်နေတတ်နေပါ့စေ ၊ ပါရမီရှင် ဖြစ်နေပါစေအုန်း လူဆိုတဲ့ သတ္တဝါကို အပိုင်စားနိုင်ကြောင်း ဒီ ကားမှာ အနှစ်သုံးဆယ် ပေးဆပ်လိုက်ရတဲ့ အဓိကဇာတ်ကောင်က သက်သေပါပဲ ။
ဒါကြောင့် မျှော်လင့်ချက်တွေ ဖျက်ဆီးခံလိုက်ရတယ် ၊ ကိစ္စမရှိဘူး ၊ အချိန်တွေ အများကြီး ဆုံးရှုံးလိုက်ရတယ် ၊ အဆင်ပြေနေသေးတယ် ၊ ဒါပေမဲ့ ကိုယ့်ကိုကိုယ်ကိုတော့ လက်မလွှတ်လိုက်ပါနဲ့အုန်း ။ ခင်ဗျားတို့က မတော်လို့ ၊ မလုံလောက်လို့ ၊ အရည်ချင်းမပြည့်မှီလို့ မဟုတ်ရပါ ။ တချို့အရာတွေက အချိန်ယူတတ်တယ် ။
နောက်ဆုံးအနေနဲ့ ဒီကားလေးကို ဘာကြောင့် ကြည့်သင့်လဲပြောပါမယ် ။ Musical အမျိုးစားဖြစ်လို့ပါ ၊ Musical ကိုမှ Motivational Songs တွေကို တစ်ဝကြီး နားထောင်ရမှာ ဖြစ်ပါတယ် ။ ဒီအချိန်မှာ ဒါမျိုးတွေ လိုအပ်နေတယ်မလား ။
ဒေါင်ပြီးကြည့်တဲ့အခါ အသံမထွက်ဘူး အသံမရဘူးဆိုသူများ ဒီနေရာလေး ကိုနှိပ်ပြီး အရင်ဖတ်ကြည့်ပေးပါ။
Download | Server | Quality | Size |
---|---|---|---|
Download | ⚡Fast Drive | 480p | 536 MB |
Download | ⚡Fast Drive | 720p | 985 MB |
Download | ⚡Fast Drive | 1080p | 1.94 GB |
Download | G Drive | 480p | 536 MB |
Download | G Drive | 720p | 985 MB |
Download | G Drive | 1080p | 1.94 GB |
Download | Solid Drive | 480p | 536 MB |
Download | Solid Drive | 720p | 985 MB |
Download | Solid Drive | 1080p | 1.94 GB |
Download | Yandex | 480p | 536 MB |
Download | Yandex | 720p | 985 MB |
Download | Yandex | 1080p | 1.94 GB |
Download | Backup | 480p | 536 MB |
Download | Backup | 720p | 985 MB |
Download | Backup | 1080p | 1.94 GB |
Watch online | Server | Quality | Size |
---|---|---|---|
Watch online | Yandex | 480p | 536 MB |
Watch online | Yandex | 720p | 985 MB |
Watch online | Yandex | 1080p | 1.94 GB |
Watch online | Backup | 480p | 536 MB |
Watch online | Backup | 720p | 985 MB |
Watch online | Backup | 1080p | 1.94 GB |