
မင်းသားကြီး Tom Cruise ဆိုရင် အက်ရှင်ကားကောင်းကောင်းတွေနဲ့ လူတိုင်းတွဲသိကြမှာပါ။ ဒီကားလေးကလည်း Old but Gold လို့ပြောရမယ့် Action, Thrillerအမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပြီး IMDb dating 7.0/10အထိရရှိထားပါတယ်။
အမေရိကန်နိုင်ငံထဲက လူစည်ကားရာနေရာတစ်ခုမှာ စနိုက်ပါသမားတစ်ယောက်က လူငါးယောက်ကို ပစ်သတ်သွားခဲ့ပါတယ်။ အဲဒီလူငါးယောက်ကိုလည်း နေရာမှာရှိတဲ့လူထဲက ကြုံရာလူကို ပစ်သွားခဲ့တာပါ။ ဒီအမှုကိုရဲတပ်ဖွဲ့ကစုံစမ်းပြီး စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ်ဘားလက်ချက်လို့ကောက်ချက်ဆွဲ သေဒဏ်ပေးဖို့ပြင်ဆင်နေပါတယ်။ ဂျိမ်းစ်ဘားကတော့ ဂျက်ခ်ရီချာနဲ့တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တကယ်တော့ ဂျက်ခ်ရီချာကလည်း လူတွေကိုဘားသတ်တာလို့ယူဆပြီး စာရင်းရှင်းဖို့လာရှာခဲ့ပါတယ်။ ဒါပေမဲ့ သူရောက်လာချိန်မှာ ဘားတစ်ယောက် ကိုမာဖြစ်နေပြီဖြစ်ပြီး အမှုကလည်းသူထင်ထားသလိုမဟုတ်ဘဲ ပိုနက်နဲနေတာကိုတွေ့လိုက်ရတော့ ရီချာတစ်ယောက် ဘားရဲ့ရှေ့နေဟယ်လင်နဲ့ပေါင်းပြီး အမှန်တရားကိုရှာဖွေပါတော့တယ်။
သူတို့တွေ အောင်အောင်မြင်မြင်နဲ့ ဖော်ထုတ်နိုင်ပါ့မလား။ ဒီလိုမျိုး ကြုံရာလူငါးယောက်ကိုသတ်ရတဲ့ ရည်ရွယ်ချက်ကရော ဘာကြောင့်များလဲဆိုတာတွေကို ကိုယ်တိုင်စဥ်းစားရင်း ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
480p | Backup | 369 MB | |
720p | Backup | 603 MB | |
1080p | Backup | 1.32 GB | |
480p | G Drive | 369 MB | |
480p | Solid Drive | 369 MB | |
480p | Yandex | 369 MB | |
720p | G Drive | 603 MB | |
720p | Solid Drive | 603 MB | |
720p | Yandex | 603 MB | |
1080p | G Drive | 1.32 GB | |
1080p | Solid Drive | 1.32 GB | |
1080p | Yandex | 1.32 GB |
Watch online | Quality | Server | Size |
---|---|---|---|
480p | Backup | 369 MB | |
720p | Backup | 603 MB | |
1080p | Backup | 1.32 GB | |
480p | Yandex | 369 MB | |
720p | Yandex | 603 MB | |
1080p | Yandex | 1.32 GB |