
ဒီကားကတော့ Ip Manကားတွေရဲ့အဆက် သုံးကားမြောက်ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 7.1/10အထိရရှိထားတာဖြစ်ပါတယ်။ အရင်ကားတွေအတိုင်းပဲ မင်းသားကြီးDonnie Yen ပဲ ပါဝင်သရုပ်ဆောင်ထားပြီး တိုက်ခိုက်ခန်းလှလှပပတွေ ဘဝဇာတ်ခုံထဲက လွမ်းစရာဆွေးစရာတွေ လူတကာလက်ခံတဲ့လူတော်တစ်ယောက်ဖြစ်ဖို့ သူများတွေကိုနင်းချေပြီးမှ အတင်းလုပ်ယူလို့မရဘူးဆိုတာတွေနဲ့ ကိုယ့်ဘေးနားမှာရှိတဲ့အရာတွေကို ရှိတုန်းတန်ဖိုးထားတတ်ဖို့ စတဲ့ရင်ထဲထိစေမယ့်ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရှုသူကိုဆွဲငင်ထားပါတယ်။
ဒီကားအစမှာ ဟောင်ကောင်ကဆရာယိမန်ဆီမှာ ဘရုစ်လီသိုင်းသင်ဖို့လာတာလေးနဲ့ စထားပါတယ်။ အဲဒီမှာနေရင်း တစ်ရက်မှာတော့ သူ့သားလေးတက်နေဖို့ကျောင်းကို လူမိုက်တွေကအတင်းဝယ်ယူဖို့ ကြိုးစားကြပါတော့တယ်။ ဒါကိုဆရာယိမန်တစ်ယောက် ဘယ်လိုကာကွယ်မှာလဲ။ ဒီလိုကောင်းမွန်တဲ့အလုပ်ကို ကြိုးစားလုပ်နေတဲ့သူတစ်ယောက် မိသားစုကိုအချိန်မပေးနိုင်တဲ့အခါ သူဘာတွေကြုံရမလဲ။ ဒီကားလေးက ကြည့်ရှုသူကို ရင်ထဲတသသဖြစ်ကျန်နေစေမယ့် ဇာတ်ကားမျိုးလေးဖြစ်လို့ ကြည့်ရှုခံစားဖို့တိုက်တွန်းလိုက်ပါတယ်နော်။