
ကဲဒါကတော့ သိပ္ပံကားတွေ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဝါသနာရှင်ပရိတ်သတ်တွေအတွက် ဇာတ်အိမ်ကောင်းတဲ့ သိပ္ပံကားကောင်းလေးတစ်ကားလေးပါ။
Invasion ကတော့ Attraction ဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်အနေနဲ့ထွက်လာတဲ့ဇာတ်လမ်းအဆက် Attraction 2 ပဲဖြစ်ပါတယ် ။ Attraction 1 ကိုအားပေးပြီးကြိုက်နှစ်သက်ခဲ့တဲ့သူတွေအနေနဲ့ အခု 2 ကိုလည်းအကြိုက်တွေ့ကြမှာပါ။
Attraction2 ကတော့ Attraction 1 အပြီး၃နှစ်အကြာမှာဖြစ်တဲ့ဖြစ်ရပ်အနေနဲ့ဇာတ်အိမ်တည်ထားပါတယ်။
ဂြိုလ်သားတွေရဲ့နည်းပညာနဲ့အသက်ကယ်ဆယ်ခြင်းခံထားရတဲ့ Yuliaတစ်ယောက်ထူးခြားတဲ့စွမ်းရည်တွေကိုရရှိသွားခဲ့ပါတယ်။ နှိမ်နင်းရေးဝန်ကြီးရုံးစမ်းသပ်ခန်းမှာသူမကို အစမ်းသပ်ခံအနေနဲ့ထားရှိပြီး ဂြိုလ်သားတွေရဲ့ နည်းပညာကိုလေ့လာနေကြပါတယ်။ Yuliaရဲ့စွမ်းအားတွေကကမ္ဘာကြီးအတွက်တင်မက ဂြိုလ်သားတွေအပေါ်မှာပင်ခြိမ်းခြောက်မှုဖြစ်လာတဲ့အခါဂြိုလ်သားတွေကကမ္ဘာမြေကိုဖျက်ဆီးဖို့စတင်ပါတော့တယ်။
Yuliaတစ်ယောက် သူမကိုလုပ်ကြံတိုက်ခိုက်မှုတွေကနေအသက်ရှင်နိုင်ပါ့မလား?သေဆုံးသွားပြီဖြစ်တဲ့ Haritonတစ်ယောက်ကရောပြန်ရှင်သန်လာမလားဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့တည်ဆောက်ထားပြီး CGI effectကောင်းကောင်းတွေနဲ့ရိုက်ကူးထားတဲ့အတွက်တကယ့်realityအတိုင်းခံစားရမိမှာပါ။အဲဒါကြောင့် ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်။
Watch online | Server | Quality | Size |
---|---|---|---|
Watch online | Yandex | 480p | 474 MB |
Watch online | Yandex | 720p | 842 MB |
Watch online | Yandex | 1080p | 1.69 GB |