
ဒီကားလေးကတော့ ပထမထွက်ရှိထားတဲ့ Insidiousကားရဲ့အဆက်ပဲ ဖြစ်ပါတယ်။ ပထမကားမှာဆိုရင် ဂျော့တစ်ယောက် သူ့သားလေးဒယ်တွန်ကို ပရလောကအထိလိုက်ပြီးတော့ ဝိညာဥ်လွှင့်ပြီး ပြန်ခေါ်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာ မကောင်းဆိုးဝါးတွေ အနှောင့်အယှက်တွေနဲ့ ကြုံတွေ့ခဲ့ရပြီးတော့ သူ့သားလေးကို ခက်ခက်ခဲခဲ ပြန်ခေါ်လာနိုင်ပေမဲ့ သူ့ကိုယ်ထဲကိုတော့ အခြားတစ်ယောက်က ဝင်ရောက်သွားခဲ့တာကြောင့် ပရလောကထဲ ပိတ်မိကျန်ခဲ့ပါတယ်။ ဂျော့ရဲ့ကိုယ်ထဲမှာ အခြားဝိညာဥ်ဝင်ရောက်နေတာကို အဲလစ်တစ်ယောက် မတော်တဆသတိထားမိခဲ့ပြီး ဓာတ်ပုံရိုက်လိုက်တာကြောင့် အဲလစ်ဟာအသတ်ခံခဲ့ရပါတယ်။
ဒီကားမှာတော့ အဲလစ်သေဆုံးမှုနဲ့ ရက်နင်တို့မိသားစု ရဲတွေဆီမှာအစစ်ဆေးခံနေရတာကြောင့် ဂျော့ရဲ့အမေအိမ်မှာ သွားရောက်နေထိုင်ကြပါတယ်။ ဒါပေမဲ့ ဝိညာဥ်တွေက ပျောက်ကွယ်မသွားဘဲ နှောင့်ယှက်မြဲနှောင့်ယှက်နေတာကြောင့် ခေါင်းခြောက်နေကြပါတယ်။ ဒါ့အပြင် ဂျော့တစ်ယောက်ရဲ့ အပြောအဆို အနေအထိုင်တွေက မူမမှန်တာကိုသူတို့သိလာချိန်မှာတော့ သူတို့ဘာဆက်လုပ်ကြမလဲ။ ဂျော့ရဲ့ကိုယ်ထဲမှာရောက်နေတာက ဘယ်သူများလဲ။သူ့ရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲ။ ဂျော့တစ်ယောက်ရော သူ့ရဲ့ခန္ဓာကိုယ်ဆီပြန်ဝင်ရောက်နိုင်ပါ့မလား။
ပရလောကမှာ သက်ရှိလောကရဲ့အချိန်တွေ မသက်ရောက်ဘူးလို့ဆိုထားတာကြောင့် ဒီလောကနှစ်ခုကို dimensionနှစ်ခုလိုမျိုးရိုက်ပြထားပြီးတော့ လက်ရှိနဲ့ဝိညာဥ်လောကကြားမှာ time slip ဖြစ်တဲ့ပုံစံလေးတွေနဲ့ ရိုက်ကူးပြထားပါတယ်။ ကြောက်ဖို့ကောင်းတဲ့ဘက်ကိုပဲ ဦးတည်ရိုက်ကူးထားတာမဟုတ်ဘဲ ဇာတ်လမ်းဇာတ်အိမ်ရော ကိုယ်တိုင်တွေးယူရမယ့် ဇာတ်ဝင်ခန်းလေးတွေနဲ့ လှလှပပချိတ်ဆက်ရိုက်ကူးထားလို့ ကြည့်ကောင်းတဲ့ကားလေးလို့ ပြောပါရစေ။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 269 MB | |
720p | Yandex | 421 MB | |
1080p | Yandex | 801 MB |