
ရုပ်ရှင်ကြည့်ရင်း ခေါင်းစားရတာကြိုက်တဲ့လူတွေအတွက် 2006ခုနှစ်ကထွက်ရှိပြီး movie of the yearဆုအပြင် နောက်ထပ်ငါးဆုအထိရရှိထားတဲ့ Crime, Drama, Mystery အမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းလေးက နယူးယောက်မြို့ရဲ့ ဘဏ်တစ်ခုကိုဓားပြတိုက်တာနဲ့စတယ်။ ဓားပြကကြိုတင်ကြံစည် အကွက်ချပြီးမှဝင်တိုက်တာဖြစ်တယ်။ ပထမဦးဆုံး သန့်ရှင်းရေးသမားလိုဟန်ဆောင်ပြီး ဘဏ်ထဲဝင်လာတဲ့လူက အနီအောက်ရောင်ခြည်မီးသီးနဲ့ စီစီတီဗီကင်မရာကိုဖျက်ပစ်တယ်။ ပြီးတာနဲ့ နောက်ထပ်လူသုံးယောက်က သန့်ရှင်းရေးသမားဝတ်စုံနဲ့ဝင်လာပြီး ဘဏ်ကိုပိတ်ချလိုက်တယ်။ အထဲမှာဓားစာခံအယောက်၂၀လောက်နဲ့ ဘဏ်ကိုဝင်စီးထားတယ်။ ရဲတွေဘက်ကလည်း ဓားစာခံတွေရှိတော့ အရမ်းကာရောမလှုပ်ရှားဘူး။ သူတို့ဘာလိုချင်လဲမေးတယ်၊ ညှိနှိုင်းတယ်။ ဒါပေမဲ့ ဒီအမှုကိုကိုင်တွယ်တဲ့ စုံထောက်ဖရာဇီရာသိလာရတာက သူတို့တွေက ဓားပြတွေထက် အမြဲတမ်း တစ်ကွက်နောက်ကျနေတယ်။ တရားခံကလည်း သွေးဆူပြီးလူသတ်နေတာမဟုတ်ဘဲ ရဲတွေကိုလေသံအေးအေးလေးနဲ့ အကွက်ရွှေ့တယ်။ ရဲတွေကလည်း ဓားစာခံတွေမသေဘဲ ဓားပြတွေကိုဖမ်းနိုင်ဖို့ကြိုးစားတယ်။
ဒါတင်ပဲလားဆိုတော့ ဘဏ်ပိုင်ရှင်သူဌေးကြီးကလည်း အရှုပ်တွေရှုပ်ထားတယ်။ သူ့အရှုပ်တွေပေါ်မသွားအောင် ရာထူးကြီးပိုင်းတွေနဲ့ပေါင်းပြီး ဖုံးဖို့ကြိုးစားတယ်။ တစ်ယောက်နဲ့တစ်ယောက် ဥာဏ်ရည်ချင်းပြိုင်နေတဲ့ဒီပွဲမှာ ဘယ်သူအမြတ်ရသွားမလဲ။ ဓားပြတိုက်ရတဲ့ခံယူချက်နဲ့ သူလိုချင်တာကရောဘာတွေဖြစ်မလဲ။ အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့လောကကြီးမှာ ဘယ်သူကမှန်ပြီး ဘယ်သူကမှားတယ်ဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုပြီး ဝေဖန်လိုက်ပါဦး။
Download | Quality | Server | Size |
---|---|---|---|
480p | Backup | 404 MB | |
720p | Backup | 666 MB | |
1080p | Backup | 1.36 GB | |
480p | G Drive | 404 MB | |
480p | Solid Drive | 404 MB | |
480p | Yandex | 404 MB | |
720p | G Drive | 666 MB | |
720p | Solid Drive | 666 MB | |
720p | Yandex | 666 MB | |
1080p | G Drive | 1.36 GB | |
1080p | Solid Drive | 1.36 GB | |
1080p | Yandex | 1.36 GB |
Watch online | Quality | Server | Size |
---|---|---|---|
480p | Backup | 404 MB | |
720p | Backup | 666 MB | |
1080p | Backup | 1.36 GB | |
480p | Yandex | 404 MB | |
720p | Yandex | 666 MB | |
1080p | Yandex | 1.36 GB |