
မင်းသားကြီး Tom Hanks ရဲ့ 2016ခုနှစ်အတွင်း Sully ပြီးရင်အလန်းဆုံးကားလို့ပြောရမဲ့ကားပါ။ တကားလုံးအက်ရှင်ခန်းတွေနဲ့ဆိုတော့ Sully လိုတော့သိပ်ပျင်းစရာမကောင်းဘူးပေါ့။
ဇာတ်လမ်းအကျဉ်းကိုနဲနဲလောက်ပြောပြလိုက်ရင် ကြည့်ချင်စိတ်တွေဖြစ်လာမှာသိလို့ အခုပဲပြောပြလိုက်ပါပြီ။ Robert Langdon ဆိုတဲ့လူတယောက်က သေနတ်ဒဏ်ရာနဲ့ အီလလီကဆေးရုံတရုံပေါ်ရောက်နေပြီး သူသတိပြန်ရလာတဲ့အခါ လတ်တလောဖြစ်ထားတဲ့အဖြစ်အပျက်တွေကို လုံးဝမမှတ်မိနိုင်ဘဲဖြစ်နေပါတယ်။ အဲ့ဆေးရုံမှာပဲ သူ့ကိုဆရာဝန်မလေး Sienna Brooks ကပြုစုစောင့်ရှောက်ထားတယ်ပေါ့။
တရက်မှာ ရဲဝတ်စုံဝတ်ထားတဲ့ သေနတ်သမားတယောက်က ဆေးရုံထဲဝင်လာပြီး Robert ကိုလာရှာရင်းမတွေ့တော့ မဲမဲမြင်ရာအကုန်လျှောက်ပစ်နေတုန်း ဆရာဝန်မလေးက သူ့ကိုကူညီခဲ့ရပြန်ရော။ နောက်ကျတော့ Robert ကသူ့ဆီ သူငယ်ချင်းတယောက်ပို့ထားတဲ့ email တစောင်ကိုဖတ်မိသွားတယ် စာထဲမှာရေးထားတာက Robert ဆီက သူတို့ယူသွားတဲ့အရာကိုပြန်ရအောင်လုပ်ပြီး ပုန်းနေပါတဲ့။ ကဲ သေပြီလေ။ သူ့ဆီကဘာကိုယူလို့ယူသွားမှန်းမသိဘဲနဲ့ ဘာကြီးကိုဘယ်လိုပြန်ရှာပြီး ဘယ်သူတွေဆီက ဘယ်လိုပုန်းနေရမလဲဆိုတာ Robert အတော်လေးတွေးရခက်သွားတာပေါ့။
ပြသနာကဒါပဲလားဆိုတော့ မဟုတ်သေးဖူ။း Bertrand Zobristဆိုတဲ့ သန်းကြွယ်သူဌေးတယောက်က ကမ္ဘာပေါ်မှာလူဦးရေတော်တော်များနေတဲ့ ပြသနာကိုရှင်းဖို့ ရှိသမျှလူတွေအကုန်သတ်ပစ်နိုင်တဲ့ ရောဂါပိုးတမျိုးကို ထုတ်လုပ်ဖို့ကြိုးစားနေတယ်ဆိုတာ Robert သိသွားတော့ မင်းသားတို့ထုံးစံအတိုင်း အငြိမ်မနေကူညီချင်ပြန်ရော။ Bertrand Zobrist ရဲ့အကြံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလူတွေကိုပဲချန်ထားပြီး ကမ္ဘာပေါ်ကရှိသမျှအကုန်သတ်ပစ်မဲ့ပုံစံမျိုး ပြီးတော့ အဲ့ဒီအဖွဲ့ထဲကတယောက်က Robertသိနေပြီးသားလူတယောက်ဖြစ်နေပြန်ရော။ အတိတ်မေ့နေတဲ့လူတယောက်က ကမ္ဘာကြီးကိုဘယ်လိုကယ်တင်မှာလဲဆိုတာ ဆက်ပြောရင်တကားလုံးပြီးတော့မယ် ကိုယ်တိုင်ပဲဝယ်ကြည့်လိုက်ကြပါတော့ဗျာ