
မာယာဆိုတဲ့ တစ်ကောင်ကြွက်ကောင်မလေးတစ်ယောက်ဟာ မြို့တော်ကြီးမှာနေထိုင်ရင်းဘဝကို ရုန်းကန်နေရပါတယ်။ တစ်နေ့တော့ သူအလုပ်လုပ်တဲ့ တိုးဂိတ်မှာ ပျင်းပျင်းနဲ့ သူ့သူငယ်ချင်းနဲ့ဖုန်းပြောနေတဲ့ အချိန်မှာ သူ့ကို လာလာစောင့်ကြည့်တတ်တဲ့ ဆီဒင်ကားဟောင်းနဲ့လူတစ်ယောက် အကြောင်းကိုပြောပြနေရင်း အဲ့ဒီလူကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီးတော့ နာမည်တစ်ခုမေးပါတယ်။
မာယာက သူမဟုတ်ကြောင်းပြောပေမယ့် အဲ့ဒီလူက ဓားတစ်လက်နဲ့ ရန်မူတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ အချိန်မှီရောက်လာတဲ့ ရဲလက်ချက်နဲ့လဲမကျသွားခင် အဲ့ဒီလူ နောက်ဆုံးပြောခဲ့တဲ့စကားက ‘မင်း မိသားစုချန်ထားခဲ့တဲ့အရာကို ငါတို့မလိုချင်ဘူး’ တဲ့။
နောက်ပိုင်းမှာတော့ မာယာက သူ့မိဘတွေဟာ လူချမ်းသာတွေဖြစ်ကြောင်း ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာမှာ အိမ်အကြီးကြီးတစ်လုံးချန်ထားခဲ့ကြောင်းသိလာခဲ့တဲ့နောက် လက်ရှိရင်ဆိုင်နေတဲ့ အခက်အခဲတွေက ရုန်းထွက်နိုင်ဖို့ သူ့ အချစ်ဆုံးသူငယ်ချင်းနဲ့အတူ မာယာတစ်ယောက် အဲ့ဒီရွာကိုရှာပုံတော်ဖွင့်ခဲ့ပါတော့တယ်။
ရွာနဲ့ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရှာတွေ့ခဲ့ပေမယ့် ထူးခြားချက်တွေက တစ်ခုပြီးတစ်ခုတွေ့လာရပါတယ်။ အဲ့ဒီထူးခြားချက်တွေဟာ သူရောက်နေတဲ့ အိမ် သူ့ မိသားစု နောက်ပြီးတော့ သူကိုယ်တိုင်နဲ့ပါ အဓိက သက်ဆိုင်နေကြောင်း မာယာ တစ်ယောက် အချိန်မနှောင်းခင်သိရဖို့လိုပါလိမ့်မယ်။
ပြီးခဲ့တဲ့နှစ်တွေတုန်းက မသိသူမရှိသလောက် ပြည်တွင်းရော ကမ္ဘာမှာပါ အောင်မြင်ခဲ့တဲ့ Satan’s Slaves ဒါရိုက်တာ Joko Anwar ရဲ့လက်ရာ နောက်တစ်ကားပါပဲ။
Jump scare တွေလုံး၀ နီးပါးမသုံးထားပဲနဲ့ နောက်ခံတေးဂီတ အရောင် အပြင်အဆင်တွေနဲ့ တစ်ဖြည်းဖြည်းခြောက်ခြားလာရတာမျိုးပါ။ ပထမကားထက် ပိုကောင်းမကောင်းကိုတော့ ကိုယ်တိုင် ကြည့်ရှုခံစားကြည့်ပါ။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 316 MB | |
720p | Yandex | 476 MB | |
1080p | Yandex | 991 MB |