
မာလာဂရေဆင် Rosamund Pike (Gone Girl) ဟာကျန်းမာရေးမကောင်းတဲ့ မိမိကိုယ်ကိုမစောင့်ရှောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေကို တရားရုံးညွှန်ကြားချက်နဲ့လိုအပ်သလိုစီမံခန့်ခွဲပေးနေရတဲ့ လူမှုဝန်ထမ်းတစ်ယောက်လို့ အများသိကြပါတယ်။ တကယ်တမ်းတော့ သူဟာ အဲ့ဒီသက်ကြီးရွယ်အိုတွေကို ဆရာဝန်၊ စောင့်ရှောက်ရေးဂေဟာစတာတွေနဲ့ပေါင်းပြီးတော့ နောက်ခံမိသားစုမရှိ စုဆောင်းငွေများများရှိတဲ့သူတွေကို ဦးတည်ပစ်မှတ်ထားရွေးချယ်၊ သူတို့ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး စီးပွားရှာနေတာပါ။
သူ့အချစ်တော်လေးလဲဖြစ် စီးပွားဖက်လဲဖြစ်တဲ့ ဖရန် Eiza González(Baby Driver)ကတော့ မကောင်းမှုဒုစရိုက်ဘက်မှာအဆက်အသွယ်ကောင်းတွေတဲ့မိန်းမလှလေးတစ်ယောက်ဖြစ်ပါတယ်။
တစ်နေ့တော့ သူတို့အဆက်အသွယ်ဆရာဝန်က အချဉ်တွေ့ပြီဆိုပြီး အဘွားကြီးတစ်ယောက်ဆီလမ်းညွှန်ခဲ့ပါတယ်။ အဘွားကြီးဟာ ဆွေမျိုးသားချင်းမရှိ၊ တကိုယ်ရေသမား အပျိုကြီးဖြစ်ပြီး လူချမ်းသာရပ်ကွက်မှာအိမ်တစ်လုံးလက်ငင်းဝယ်ထားနိုင်တဲ့သူဆိုတော့ အထုပ်အထည်အကြီးကြီးပိုက်ထားနိုင်မယ့်သူဆိုတာလဲသိသာနေပါတယ်။
ဒီတော့ သူတို့အတွက်ပွပေါက်တစ်ခုပဲလို့ယူဆပြီး အဘွားကြီးကို အိမ်ပေါ်က ခြိမ်းခြောက်ခေါ် စောင့်ရှောက်ရေးဂေဟာကို ဆေးစာအတု တရားရုံးအမိန့်တွေနဲ့အတင်းအကျပ်ပို့ပြီးတဲ့နောက်မှာ သူတို့မသိခဲ့တာကတော့ အဘွားကြီးရဲ့နောက်ခံဇာတ်ကြောင်းဖြစ်ပြီး သူတို့ လိမ်စားရမယ့်အဘွားကြီးအရွေးမှားသွားတာကိုနောက်ကျမှ သိခဲ့ပါတော့တယ်။
အဘွားကြီးရဲ့ လူသူမသိသား ဂန်းစတားကြီးအဖြစ် ပရိသတ်အချစ်တော် Tyrion Lannister (Game of Thrones) တစ်ဖြစ်လဲ Peter Dinklage ကသွေးအေးအေးနဲ့ကြမ်းပြထားပါတယ်။
I Care a Lot ကိုဝေဖန်သူအများစုကြိုက်နှစ်သက်ကြပြီး Rosamund pike ရဲ့သရုပ်ဆောင်မှုကိုအထူးချီးကျူးကြသလို လာမယ့် ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် Rosamund Pike ဟာ ဟာ Comedy or Musical ကဏ္ဍအတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ကာတင်ဝင်ထားပါတယ်။
ဒေါင်ပြီးကြည့်တဲ့အခါ အသံမထွက်ဘူး အသံမရဘူးဆိုသူများ ဒီနေရာလေး ကိုနှိပ်ပြီး အရင်ဖတ်ကြည့်ပေးပါ။
Download | Server | Quality | Size |
---|---|---|---|
Download | ⭐VIP Link | 🔥 1080p 5.1CH | 1.64 GB |
Download | ⭐VIP Link | 720p | 588 MB |
Download | ⭐VIP Link | 480p | 351 MB |
Download | UpToBox | 🔥 1080p 5.1CH | 1.64 GB |
Download | UpToBox | 720p | 588 MB |
Download | UpToBox | 480p | 351 MB |
Download | ⚡Fast Drive | 🔥 1080p 5.1CH | 1.64 GB |
Download | ⚡Fast Drive | 720p | 588 MB |
Download | ⚡Fast Drive | 480p | 351 MB |
Download | G Drive | 🔥 1080p 5.1CH | 1.64 GB |
Download | G Drive | 720p | 588 MB |
Download | G Drive | 480p | 351 MB |
Download | Solid Drive | 🔥 1080p 5.1CH | 1.64 GB |
Download | Solid Drive | 720p | 588 MB |
Download | Solid Drive | 480p | 351 MB |
Download | Yandex | 🔥 1080p 5.1CH | 1.64 GB |
Download | Yandex | 720p | 588 MB |
Download | Yandex | 480p | 351 MB |
Watch online | Server | Quality | Size |
---|---|---|---|
Watch online | Yandex | 🔥 1080p 5.1CH | 1.64 GB |
Watch online | Yandex | 720p | 588 MB |
Watch online | Yandex | 480p | 351 MB |