
Halloween ရာသီလည်း နီးလာပြီဆိုတော့ Halloween အငွေ့အသက်လေးတွေခံစားရစေဖို့ Netflix ကထွက်ထားတဲ့ ဇာတ်ကားအသစ်လေးဖြစ်တဲ့ Hubie Halloween နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Hubie ဆိုတာ ဆေလမ်မြို့လေးမှာနေထိုင်တဲ့ လူရိုးလေးတစ်ယောက်ပါ။ အနေအေးပြီး ကြင်နာတတ်တဲ့သူပါ။ ရိုးအလွန်းလို့ ဘယ်သူကပဲ အနိုင်ကျင့်ကျင့် သည်းခံတတ်လွန်းသူပါ။ လူတွေကိုလည်း ပျော်ရွှနေတာကိုပဲ မြင်ချင်တဲ့သူပေါ့။
လူတိုင်းမှာ ဖြစ်ချင်တဲ့ ဆန္ဒဆိုတာ ရှိကြပါတယ်။ Hubie ရဲ့ ဆန္ဒကတော့ Halloween ညမှာ သူရဲ့မြို့ကလူတွေ ဘေးကင်းစွာနဲ့ ပျော်စေချင်တာပါပဲ။ ဘယ်လောက်သဘောထားကြီးလိုက်တဲ့ သူလဲနော်။
အမှတ်မထင်ပဲ ဒီနှစ်မှာတော့ အရူးထောင် ထောင်သားတစ်ယောက် ထွက်ပြေးလာပြီး သူတို့ရဲ့မြို့လေးကိုရောက်လာတယ်။ ဆိုတော့ကား Hubie တစ်ယောက် ခါတိုင်းထက် ပိုသတိထားစောင့်ကြည့်နေပါတော့တယ်။
သူ့ရဲ့မြို့ကို သူကာကွယ်နိုင်ပါ့မလား၊ သူ့အပေါ်မှာ လူတွေရဲ့ ဆက်ဆံတဲ့ပုံစံတွေကကော အဆင်ပြေသွားမလား၊ Halloween ပွဲတော်ကကော အဆင်ပြေပြေ ကျင်းပနိုင်ပါ့မလားဆိုတာကိုတော့ ဟာသကလေးတွေနဲ့ ကြည့်ရမယ့် ကားကောင်းလေးတစ်ကားပါပဲ။
သင်ခန်းစာကတော့ အရမ်းရိုးသားလွန်းရင် လူတွေက အနိုင်ကျင့်ချင်ကြတယ်၊ ကိုယ့်ထက်သာနေရင် မနာလိုတတ်ကြတယ် ဆိုတာပါပဲ။
MMsubtitles ပရိသတ်တို့လည်း ကိုယ့်အပေါ်မကောင်းတဲ့သူတွေနဲ့ ကွေကွင်းနိုင်ကြပါစေ။
Download | Quality | Server | Size |
---|---|---|---|
480p | Backup | 368 MB | |
720p | Backup | 628 MB | |
1080p | Backup | 1.23 GB | |
480p | G Drive | 368 MB | |
480p | Solid Drive | 368 MB | |
480p | Yandex | 368 MB | |
720p | G Drive | 628 MB | |
720p | Solid Drive | 628 MB | |
720p | Yandex | 628 MB | |
1080p | G Drive | 1.23 GB | |
1080p | Solid Drive | 1.23 GB | |
1080p | Yandex | 1.23 GB |
Watch online | Quality | Server | Size |
---|---|---|---|
480p | Backup | 368 MB | |
720p | Backup | 628 MB | |
1080p | Backup | 1.23 GB | |
480p | Yandex | 368 MB | |
720p | Yandex | 628 MB | |
1080p | Yandex | 1.23 GB |