
“Harry Potter and the Deathly Hallows – Part 1″ကို 2010ခုနှစ်မှာထုတ်လွှင့်ခဲ့ပြီးတော့ Harry Potter seriesရဲ့ခုနစ်ကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ အမှောင်သခင်ကြီးရဲ့ ဝိဉာဥ်အပိုင်းအစတွေထည့်ထားတဲ့ ပစ္စည်းတွေကို လိုက်လံရှာဖွေဖို့ကြိုးစားနေတဲ့ ဟယ်ရီပေါ်တာရဲ့စွန့်စားရေးခရီးစဥ်အကြောင်းကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်း
ဟော့ဝပ်ကျောင်းအုပ်ကြီး ဒမ်ဘဲဒေါလ်သေဆုံးပြီးနောက်မှာ အမှောင်သခင်နဲ့သူ့ရဲ့နောက်လိုက်တွေက ဟော့ဝပ်ကျောင်းတော်နဲ့ မှော်ဝန်ကြီးဌာနကို လွှမ်းမိုးချုပ်ကိုင်ပြီး အမှောင်သခင်ကြီးအလိုရှိနေတဲ့ ဟယ်ရီပေါ်တာကိုလိုက်လံဖမ်းဆီးပါတော့တယ်။ ဟယ်ရီ၊ ရွန်နဲ့ ဟာမွန်နီတို့သုံးယောက်ဟာ အသေသားစားတဲ့သူတွေလက်ကလဲလွတ်အောင်ပုန်းရှောင်နေရင်း တစ်ချိန်ထဲမှာပဲ အမှောင်သခင်ကြီးရဲ့ဝိဉာဥ်တွေထည့်ထားတဲ့ ဟိုးခရက် လို့ခေါ်တဲ့ပစ္စည်းတွေကို ရှာဖွေပြီးဖျက်ဆီးဖို့ကြိုးစားနေပါတယ်။ အရာရာကိုကြိုတင်သိမြင်တတ်တဲ့ ဒမ်ဘဲဒေါလ်က မသေဆုံးခင်သူ့ရဲ့သေတမ်းစာထဲမှာ ဟယ်ရီတို့သုံးယောက်အတွက် အသုံးဝင်မယ့်ပစ္စည်းတွေချန်ထားခဲ့ပါသေးတယ်။
ဟယ်ရီတို့တစ်တွေ ဟိုးခရက်တွေကို ရှာဖွေနေတုန်းမှာပဲ မရဏရတနာများ လို့တင်စားခေါ်ဝေါ်ကြတဲ့ မှော်လောကရဲ့စွမ်းအားအကြီးဆုံးပစ္စည်း(၃)ခုအကြောင်းလဲ တွေ့ရှိခဲ့ပါသေးတယ်။ ဟော့ဝပ်ကျောင်းရဲ့အပြင်လောကမှာ အန္တရာယ်အမျိုးမျိုးကိုရင်ဆိုင်ရပေမယ့်လဲ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်၊ ခင်မင်မှု ၊သံယောဇဥ်၊ သစ္စာရှိမှုတွေက ဘယ်လိုအခက်အခဲမျိုးကိုမဆိုကျော်လွှားနိုင်တဲ့အကြောင်းကိုလဲ ဒီဇာတ်ကားလေးထဲမှာ ထပ်ပြီးသက်သေပြခဲ့ပါသေးတယ်……