
ဒီကားလေးကတော့ Grimm Fairy Talesတွေထဲက တောအုပ်ထဲက လူသားစားစုန်းမကြီးဆီရောက်သွားတဲ့ ဂရက်တယ်နဲ့ဟန်ဆယ်တို့ မောင်နှမနှစ်ယောက်ပုံပြင်လေးကိုပဲ အခြေခံပြီးရိုက်ထားတာဖြစ်ပြီး IMDb 5.3အထိရရှိထားတဲ့ Fantasy, Horror, Thriller အမျိုးအစား ကားသစ်လေးပါ။
ဒီကားလေးက ကင်မရာယူဆချက်တွေနဲ့ ရှုခင်းရိုက်ချက်တွေက အတော်ကောင်းမွန်တာတွေ့ရပါတယ်။ Horrorကားလေးပေမယ့် ဝုန်းခနဲဒိုင်းခနဲ ခြောက်လှန့်တာမျိုးမဟုတ်ပဲ ဇာတ်လမ်းကိုစီးမျောရင်းနဲ့ စကားလုံးတွေကတစ်လုံးချင်း ကြောက်စရာကောင်းလာတာမျိုး ဇာတ်လမ်းကျောရိုးကိုယ်တိုင်က ကျောချမ်းစေတာမျိုးနဲ့ ကြည့်ရှုသူကို အရသာပေးစွမ်းတဲ့ကားလေးပါ။
ဇာတ်လမ်းလေးအကြောင်း ပြောရမယ်ဆိုရင် ဟန်ဆယ်နဲ့ဂရက်တယ်တို့ မောင်နှမနှစ်ယောက်ဟာ မုဆိုးမအမေနဲ့အတူတူ ဆင်းဆင်းရဲရဲနေရပါတယ်။ တစ်ရက်သူ့အမေက သူတို့ကိုအိမ်ပေါ်ကနေ နှင်ချတဲ့အခါ သူတို့နှစ်ယောက်အပြင်မှာ ဘယ်လိုတွေကြုံတွေ့ရမလဲ။ သူတို့ကို စားစရာနဲ့အလုပ်ရဖို့ သစ်တောထိန်းတွေဆီသွားဖို့ သဘောကောင်းတဲ့မုဆိုးတစ်ယောက်က လမ်းညွှန်လိုက်ပေမယ့် သူတို့လမ်းမှာဆာလောင်နေချိန်မှာ စားကောင်းသောက်ဖွယ်တွေနဲ့ ပြည့်နေတဲ့အိမ်တစ်လုံးကို တွေ့ရပါတော့တယ်။ သူတို့အဲဒီမှာ ဘာတွေဆက်ဖြစ်မလဲ။ အဲဒီအိမ်ရှင်ကရော ဘယ်သူများလဲ။သူတို့ဘဝတွေကရော ဘယ်လိုမျိုးပြောင်းလဲကုန်မှာလဲ ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာရှုစားရမှာဖြစ်ပါတယ်။