
စစ်ကားကြိုက်တဲ့ သူတွေအတွက် စစ်ပွဲအတွင်း သရဲခြောက်ခံရတဲ့ စစ်သားတွေအကြောင်းကို ကြည့်ရမှာပါ။
ဒီဇာတ်ကားမှာ ခေါင်းဆောင်ပါဝင်ထားတာက Titan ထဲက မင်းသား Brenton Thwaites ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်ကို အခြေခံထားတာပါ။ ဂျာမန်တွေကို စစ်တိုက်နေရတဲ့ အမေရိကန်စစ်သား ၅ယောက်နဲ့ အစပျိုးထားပါတယ်။
သူတို့ဟာ စစ်တိုက်ရင်းနဲ့ ရဲတိုက်ကြီးတစ်ခုကိုရောက်သွားပါလေရော။ ဒါပေမယ့်လည်း အဲ့ဒီရဲတိုက်မှာနေတဲ့ မိသားစုဟာ ရက်ရက်စက်စက် အသတ်ခံထားရတာေကြာင့် မကျွတ်လွတ်ပဲ ခြောက်လှန့်တာတွေ၊အသံပေးတာတွေလုပ်ပြီး စစ်သားတွေကို ဒုက္ခပေးပါတော့တယ်။
စစ်သားတွေလည်းရဲတိုက်ကနေ ပြေးဖို့လုပ်ကြပါတော့တယ်။
ဒါပေမယ့် ဘယ်လိုသွားသွားရဲတိုက်ကိုပဲ ပြန်ရောက်နေမိတယ်။အဲ့ဒါနဲ့ ရဲတိုက်ထဲမှာပဲ ဖြစ်စဉ်အဖြေကိုရှာရင်း ဘယ်လိုစိတ်ဝင်စားဖို့ကောင်းလဲဆိုတာကြည့်ရမဲ့ ဇာတ်လမ်းကောင်းပါ။
Watch online | Server | Quality | Size |
---|---|---|---|
Watch online | Yandex | 480p | 297 MB |
Watch online | Yandex | 720p | 488 MB |
Watch online | Yandex | 1080p | 938 MB |