
တစ္ဆေတစ်ကောင်ကို ပထမဆုံးအတူတကွ မျက်ဝါးထင်ထင်တွေ့မြင်လိုက်ပြီးတဲ့နောက် ဂလာနဲ့ဝီး ဆိုတဲ့ ဆေးရုံတစ်ခုထဲမှာ အတူတူတာဝန်ကျတဲ့ဆရာဝန် သူငယ်ချင်းနှစ်ယောက်ဟာ ‘တမလွန်’ ကိုသိပ္ပံနည်းကျလေ့လာဖို့ကြိုးစားပါတော့တယ်။ ဂလာကတော့ ငယ်စဉ်ကတည်းက တစ္ဆေနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိခဲ့ပေမယ့် ဝီးကတော့ လက်တွေ့မကြုံပဲမယုံကြည်ခဲ့တဲ့သူပါ။ အဲ့ဒီမှာမြင်ခဲ့ရတဲ့ အဖြစ်အပျက်ဟာ သူ့ယုံကြည်မှုတွေကို ပြန်မေးခွန်းမေးဖို့ဖြစ်လာတော့တာပါပဲ။
ဒီလိုနဲ့ သူတို့ နှစ်ယောက်ဟာ ‘ဝင်ရိုးစွန်းအလင်းတန်းရှာဖွေခြင်း’ ဆိုတဲ့ တစ္ဆေသရဲတွေကို သိပ္ပံနည်းကျလက်တွေ့သက်သေထူနိုင်ဖို့ မနေမနားကြိုးစားဖြစ်ခဲ့ပါတယ်။ ဇွဲနပဲကြီး၊ စိတ်ထက်သန်တဲ့သူတွေရဲ့ထုံးစံအတိုင်း မိသားစုပတ်ဝန်းကျင်နဲ့ကင်းကွာ အစွန်းရောက်မှုတွေက သူတို့အသက်အန္တရာယ်ကိုပါထိပါးစေနိုင်တဲ့အဖြစ်အပျက်တွေ ကြုံတွေ့လာရတဲ့အခါ..။
သူ့ဆီကထွက်လာသမျှမကောင်းတဲ့ကားမရှိသလောက် နာမည်ကျော်တဲ့ ထိုင်းရုပ်ရှင်ကုမ္ပဏီ GDH နဲ့ Netflix တို့ပူးပေါင်းတင်ဆက်မှုဖြစ်ပါတယ်။ သရဲကားကိုမှ မြင်နေကျမဟုတ်ပဲ ပုံစံတစ်မျိုးနဲ့ချဉ်းကပ်ထားတာဖြစ်တဲ့အတွက် အရသာအသစ်တစ်ခုကိုခံစားမိကြပါလိမ့်မယ်။