
ဂိုင်းဟာ သာမန်ဘဏ်စာရေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ နေ့တစ်နေ့တာကိုပုံမှန်လုပ်ရိုးလုပ်စဉ်တွေနဲ့ပဲဖြတ်သန်းလေ့ရှိပြီးသူ့မှာ ဘတ်ဒီလို့ခေါ်တဲ့အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ပုံမှန်ထက် နည်းနည်းပိုတာဆိုလို့ သူ့မှာစိတ်ကူးယဉ်အိမ်မက်ထဲကချစ်သူလေး တစ်ယောက်ရှိပြီး တစ်နေ့မှာ သူလေးနဲ့ဆုံရလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်ပါပဲ။ တကယ်တမ်းလဲ ဂိုင်းဟာ အဲ့ဒီမိန်းကလေးကိုအပြင်မှာတွေ့ဆုံခဲ့ပြီး သူ့နောက်ကလိုက်မိချိန်ကစလို့သူသိခဲ့တဲ့ ကမ္ဘာလောကကြီးဟာ ကျွမ်းထိုးမှောက်ခုံဖြစ်ဖို့အကြောင်းဖန်လာပါတော့တယ်။
သူ့ရဲ့ကမ္ဘာလောကကြီးဟာ ပြင်ပကမ္ဘာက လူသားတွေဖန်တီးထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး သူဟာအဲ့ဒီဂိမ်းထဲက နောက်ခံဖြတ်လျှောက်အရေးမပါတဲ့ဇာတ်ကောင်တစ်ကောင်ဖြစ်နေပါသတဲ့။ ဒီလိုနဲ့ ပြင်ပလောကဆီက ပြဿနာတွေရိုက်ခတ်မှုကြောင့်သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာလေး ထာဝရပျောက်ကွယ်တော့မယ့် အရေးမှာ သူကိုယ်တိုင်သူရဲကောင်းလုပ်ကယ်တင်ရဖို့ဖြစ်လာပါတော့တယ်။
Concept ကောင်း တစ်ခုကိုပါးနပ်လှပစွာပုံဖော်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေ ဇာတ်ရုပ်တွေ၊ အမိုက်စား CG တွေ နောက်ခံတေးဂီတတွေ၊ နာမည်ကျော် မင်းသားကြီးတွေ၊ Youtubers တွေ Streamers တွေရဲ့ Cameo တွေနဲ့အတူ ပရိသတ်အင်အားထုကြီးမားလှတဲ့ MCU လို Starwars လိုဇာတ်ကားတွေဆီက ester eggs အများကြီးနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဒီဇာတ်ကားဟာအစကနေ အဆုံးထိ တောက်လျှောက် ပျော်စရာလဲကောင်း ဖျော်ဖြေရေးအပြည့်အဝပေးနိုင်ပြီး ပြင်ပကမ္ဘာလောကကြီးကိုခဏမေ့ထားနိုင်မယ့်လုံး၀ စီးမျောဝင်သွားမယ့် ရှားရှားပါးပါးဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 7.1CH | Solid Drive | 5.47 GB | |
🔥 1080p 5.1CH | Solid Drive | 2.63 GB | |
720p | Solid Drive | 808 MB | |
480p | Solid Drive | 470 MB | |
🔥 1080p 7.1CH | G Drive | 5.47 GB | |
🔥 1080p 5.1CH | G Drive | 2.63 GB | |
720p | G Drive | 808 MB | |
480p | G Drive | 470 MB | |
🔥 1080p 7.1CH | ⚡Fast Drive | 5.47 GB | |
🔥 1080p 5.1CH | ⚡Fast Drive | 2.63 GB | |
720p | ⚡Fast Drive | 808 MB | |
480p | ⚡Fast Drive | 470 MB |