
ဒီကားလေးကတော့ 2020မှထွက်ရှိထားတဲ့ အသစ်စက်စက် အက်ရှင်ကားလေးဖြစ်ပြီးတော့ Thor မင်းသားကြီး Chris Hemsworth ပါဝင်သရုပ်ဆောင်ထားပြီး IMDb rating 7.0/10 အထိရရှိထားတာဖြစ်ပါတယ်။ ဒီကားမှာ တိုက်ခိုက်ခန်းတွေ သေနတ်ပစ်ခန်းတွေက အတော်ကောင်းမွန်လို့ ကြည့်ရတာအရသာရှိပါတယ်။
ဇာတ်လမ်းအစမှာတော့ အိန္ဒိယဘိန်းဘုရင်ရဲ့သားကို ဘင်္ဂလားဒေ့ရှ်ဘိန်းဘုရင်ဘက်က ပြန်ပေးဆွဲသွားပါတယ်။ကောင်လေးကိုပြန်ကယ်ဖို့ ကြေးစားအလုပ်လုပ်နေတဲ့ တိုင်လာကိုငှားလာတဲ့အခါ သူကဘယ်လိုကယ်တင်မှာလဲ။ သူကယ်ထုတ်ဖို့ကြိုးစားတဲ့အခါ ဘယ်လိုတွေကြုံရမလဲ။
ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့ကို တစ်မြို့လုံးပိတ်ပြီး ဖမ်းဖို့ကြိုးစားတဲ့အခါ သူကောင်လေးကိုလက်လျှော့မှာလား မရမကကယ်ထုတ်မှာလား ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာဆက်လက်ရှုစားရမှာဖြစ်ပါတယ်နော်။