
၀မ်လေဟာ တစ်ချိန်ကဒိုင်ဗင်ချန်ပီယံတစ်ဦးဖြစ်ပြီး လက်ထပ်ပွဲနေ့မှာ ငါးမန်းတစ်ကောင်ရန်ကြောင့်ဇနီးလောင်းသေဆုံးသွားခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံကအပန်းဖြေကျွန်းငယ်တစ်ကျွန်းက အပန်းဖြေစခန်းတစ်ခုမှာအလုပ်လုပ်ရင်း ဇာတ်မြုပ်နေပါတယ်။ အဲ့ဒီကျွန်းအနားက ပင်လယ်ပြင်ဟာ ငလျင်မကြာခဏလှုပ်လေ့ရှိပြီး ကျွန်းသားတွေအတွက် မထူးဆန်းသလိုဖြစ်နေပြီး သက်ဆိုင်ရာတွေ ကျွမ်းကျင်သူတွေက သတိပေးပေမယ့် ဂရုမစိုက်ကြပါဘူး။
တစ်ရက်မှာတော့ သူ့အပန်းဖြေစခန်းက လုပ်တဲ့ပါတီပွဲတစ်ခုမှာ ငယ်သူငယ်ချင်း သူ့ကိုတစ်ဖက်သတ်ချစ်နေတဲ့လီဆာဆိုတဲ့မိန်းမလှလေးနဲ့ပြန်ဆုံရာက ကမ်းခြေမှာ မူးပြီးအိပ်ပျော်သွားခဲ့ပါတယ်။ နောက်တစ်နေ့မနက် နိုးနိုးချင်း ကမ်းခြေကကြီးမားလှတဲ့ ဆူနာမီလှိုင်းလုံးကြီးတွေတက်အလာမှာ အသက်လုထွက်ပြေးကြရာကနေ အပန်းဖြေစခန်းရဲ့ စားသောက်ဆိုင်ထဲမှာ သူနဲ့ဧည့်သည်တစ်စုပိတ်မိသွားခဲ့ပါတယ်။ အဲ့ဒီဧည့်သည်တစ်စုထဲမှာ ပင်လယ်ထဲက လှိုင်းတွေနဲ့အတူ လူသားစားငါးမန်းကြီးတစ်ကောင်ပါ ပါလာတဲ့အခါမှာတော့ သားကောင်ဖြစ်သွားတဲ့သူတို့အုပ်စု ရှင်သန်ဖို့၊ ကိုယ်လွတ်ရုန်းဖို့နည်းမျိုးစုံနဲ့ရုန်းကန်ကြိုးစားကြရပါတော့တယ်။
သူတို့နဲ့အတူ တစ်ခြားအသက်ရှင်ကျန်ရစ်သူတွေရှိသေးရဲ့လား? ငလျင်ဒဏ်ကြောင့်ပြည်မမှာလဲ ဘယ်လောက်ထိခိုက်သွားလဲမသိနိုင်တဲ့အတွက်ကယ်ဆယ်ရေးအချိန်မှီရောက်နိုင်ပါ့မလား၊ ပြီးတော့ ဟိုတယ်ထဲကိုရောက်တဲ့ ငါးမန်းကြီးကရော တစ်ကောင်တည်းဆိုတာ သေချာရဲ့လားဆိုတာတွေကို ဇာတ်လမ်းထဲမှာအဖြေရှာကြည့်ကြပါ။